ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၇ ခုနှစ်မှာ ဂျီဒီပီရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မှာဖြစ်လို့ ၂၀၂၉ ခုနှစ်အပြီးမှာ ဂျီဒီပီရဲ့ ၃ ရာခိုင်နှုန်း ရှိလာမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတန်မာက ပြောပါ တယ်။

ဗြိတိန်နိုင်ငံဟာ ဉရောပတိုက်ရဲ့လုံခြုံရေးကို မြှင့်တင်ဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်မယ်ဆိုတာ အ မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရှင်းလင်းတဲ့ သတိပေးချက်လည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းစစ်ပွဲအရေး ရုရှားနိုင်ငံနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်နေ လို့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရမယ်လို့ ဝါရှင်တန်မြို့တော်မှာ ဒေါ်နယ်ထရမ့်နဲ့တွေဆုံဖို့ မ ထွက်ခွာမီ ကီယာစတန်မာက လွှတ်တော်ကို ပြောပါတယ်။

ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်မှာဖြစ်လို့ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာ အကူအညီပေးမှုတွေ ဖြတ် တောက်ရမယ် လို့ ၎င်းက ဆက်ပြောပါတယ်။

“ဗြိတန်အစိုးရက စစ်အေးကာလနောက်ပိုင်း အများဆုံး ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်သွား မယ်ဆိုတာ ကျွန်တော် ကြေညာပါတယ်။ စစ်ရေးဘတ်ဂျက်နဲ့ ထောက်လှမ်းရေးအသုံးစရိတ်ဟာ ၂၀၂၇ ခုနှစ်မှာ ဂျီဒီပီရဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်းကို ရောက်ရှိပါမယ်” လို့ သူက ရှင်းပြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ရေးဘတ်ဂျက်ဟာ ၂၀၂၇ ခုနှစ်မှစပြီး စတာလင်ပေါင် ၁၃ ဒသမ ၄ ဘီလီ ယံ ပိုလာမယ်လို့ ကီယာစတန်မာက ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ စတာလင် ပေါင် ၅၃ ဒသမ ၉ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အကူအညီဖြတ်တောက်မှုကို ၂၀၂၇ ခုနှစ်မှာ သုညဒသမ ၅ ရာခိုင်နှုန်းမှ သုညဒသမ ၃ ရာခိုင်နှုန်းအထိ ဖြတ်တောက်မယ်လို့ ၎င်းက ဆိုပါတယ်။

ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အောင်မြင်ပါက ဥရောပတိုက်ဟာ ယူကရိန်းသို့ အကူအညီ နဲ့ လုံခြုံရေးအာမခံချက်ပေးမယ်ဆိုတာ ဒေါ်နယ်ထရမ့်ကို အခိုင်အမာပြောဖို့ ကီယာစတန်မာက ဝါရှင် တန်မြို့တော်သို့ သွားရောက်နေပါတယ်။

ကိုးကား – Reuters
Ref; UK’s Starmer boosts defence spending on eve of Washington trip

#Ayeyarwaddy_Times