ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

တရုတ်စစ်တပ်ဟာ ဖေဖော်ဝါရီလ ၂၆ ရက်က ထိုင်ဝမ်ကျွန်း အနောက်တောင်ဘက် ကမ်းခြေအ လွန်မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သလို တရုတ်အကြီးတန်းခေါင်းဆောင်တစ်ဉီးကလည်း ထိုင်ဝမ်ကို တရုတ်လက်အောက် ပြန်ပေါင်းစည်းမယ်လို့ ပြောပါတယ်။

တရုတ်စစ်လေယာဉ် ၃၂ စင်းဟာ ထိုင်ဝမ်ရေလက်ကြားဧရိယာမှာ တရုတ်စစ်သင်္ဘောတွေနဲ့အ တူ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောပါတယ်။

“တရုတ်စစ်တပ်ဟာ ကြိုတင်သတိပေးချက်မပြုလုပ်ပဲ ကမ်းခြေမှ ရေမိုင် ၄၀ ခန့်အကွာမှာ စစ် ရေးလေ့ကျင့်မှုပြုလုပ်ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်ခဲ့ပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်စစ်တပ်ရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ၊ သင်္ဘောလိုင်းတွေ ဘေး ကင်းလုံခြုံမှုကို အန္တရာယ်ဖြစ်စေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို အရှက်မရှိ ရန်စမှုတစ်ခု ဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

တရုတ်စစ်တပ်ရဲ့ ဒေသတွင်း မကြာသေးမီက စစ်ရေးလှုပ်ရှားမှုတွေကြောင့် တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားနဲ့ အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို အကြီးမားဆုံး ခြိမ်းခြောက် သူဆိုတာ သက်သေပြနေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ကို အင်အားသုံး ပြန်သိမ်းပိုက်မယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောခဲ့ပြီး ထိုင်ဝမ် သမ္မတ လိုင်ချင်တေးကို ခွဲထွက်ရေးသမားအဖြစ် ရှုတ်ချကာ ထိုင်ဝမ်လွတ်လပ်ရေးထောက်ခံတဲ့ အမေရိ ကန်နိုင်ငံကို ကန့်ကွက်ခဲ့ပါတယ်။

ထိုင်ဝမ်ကို တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းရေး ပိုမို ကြိုးပမ်းကြဖို့ တရုတ်ကွန်မြူနစ်ပါတီ ရဲ့ စတုတ္ထအဆင့်ခေါင်းဆောင် ဝမ်ဟူနင်က တောင်းဆိုခဲ့ပါတယ်။

“တရုတ်နိုင်ငံက ထိုင်ဝမ်ကို တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းဖို့ ပိုမို ကြိုးပမ်းကြရမယ်” လို့ ၎င်းက ထိုင်ဝမ်အရေး အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; China holds ‘shooting’ drills off Taiwan’s coast, vows ‘reunification’ push

#Ayeyarwaddy_Times