ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

ဧရာ၀တီတိုင်းတွင်တွင် ဖွင့်လှစ်နေသည့် စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၁၀ တွင် အဖမ်းခံရပြီး အုပ်ချုပ်ရေးမှုးများထံရောင်းစားခံရသူအချို့ ပါ၀င်လာကြောင်းတပ်တွင်းနီးစပ်သူများထံမှ သိရသည်။

ဖေဖော်ဝါရီ ပထမပါတ်အတွင်း စစ်မှုထမ်းသင်တန်းများသို့ ပို့ဆောင်ရန်အတွက် အနောက်တောင်တိုင်း စစ်ဌာနချုပ်သို့ ဧရာ၀တီတိုင်းအတွင်းမှသင်တန်းသားများ ပို့ဆောင်ရာတွင် ရောင်းစားခံရသူ ၄၀ ကျော်ခန့်ပါ၀င်ကြောင်း သိရသည်။

“ကျေးရွာတွေမှာက စစ်မှုထမ်းမလိုက်ခြင်ကြတော့ အုပ်ချုပ်ရေးမှူးကို တစ်အိမ်ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီးပေးတယ်။ ပိုက်ဆံကို အုပ်ချုပ်ရေးမှူးက အခြား တိုင်းနဲ့မြို့တွေကစစ်တပ်၊ ထွေအုပ်၊ ရဲတွေဆီကစုဆောင်းထားတဲ့သူကို၀ယ်တယ်။ ဒီရောက်တော့ လ၀က ဆီမှာ ရပ်ကွက်မှာနေထိုင်တဲ့ပုံစံ (၁၀)ထုတ်ပြီး နတခတပ်ကိုပို့တာ ၊လုပ်စားနေတာကြာပါပြီ ။သင်တန်းတွေမှာလည်း ငွေယူလိုက်တဲ့သူ၊ ပေါ်တာဆွဲခံရတဲ့သူတွေချည်းပဲ”ဟု စစ်
ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အများစုမှာ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှ လူငယ်များဖြစ်ပြီး အချို့မှာ ညအချိန်မတော်သွားလာမိခြင်း၊ အရက်မူးရမ်းကားခြင်းများကြေင့် ဖမ်းဆီးခံရကာ စစ်မှုထမ်းအတွက် ရောင်းစားခံရသူများဖြစ်ပြီး အချို့မှာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ ငွေယူကာ ဧရာ၀တီတိုင်းအတွက် သင်တန်းလာရောက်
တက်ပေးသူများဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ၁၀ အတွက် ဧရာ၀တီတိုင်းမှ သင်တန်းသား ၁၅၀ ခန့် စုဆောင်းပေးရပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် တစ်လခန့်ထားရှိကာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီ၏ သတ်မှတ်ထားသော စစ်သင်တန်းကျောင်းများသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#ဧရာ၀တီတိုင်း #ပြည်သူ့စစ်မှုထမ်း #အပတ်စဉ်၁၀ #အခြားဒေသ #ဖမ်းဆီးပြီးရောင်းစားခံရသူများပါ၀င်
#Ayeyarwaddy_Times