
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၆ ရက်
အစ္စရေးစစ်တပ်ဟာ နှစ် (၂၀) ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် အနောက်ဘက်ကမ်းဒေသမှာ တင့်ကားတွေ ဖြန့်ကြက်လိုက်ပြီဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အနောက်ဘက်ကမ်းဒေသမှာ တင့်ကားတွေ စေလွှတ်တဲ့လုပ်ရပ်ဟာ သိမ်း ပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေမှာ စစ်ဆင်ရေးတွေ တိုးမြှင့်မယ့်ကြိုးပမ်းမှုအဖြစ် ရှုမြင်ကြပါတယ်။
အစ္စရေးနဲ့ ဟားမာစ်အဖွဲ့ဟာ မတ်လ ၁ ရက်အထိ သက်တမ်းရှိမယ့် ဂါဇာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
အစ္စရေးနိုင်ငံဟာ အနောက်ဘက်ကမ်းဒေသမှာ စစ်ဆင်ရေးတွေ စတင်ခဲ့ပြီး အဆိုပါလုပ်ရပ်ကို တန်ပြန်အကြမ်းဖက်မှု လုပ်ဆောင်ချက်တွေလို့ ပြောဆိုခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ရက်တွေအတွင်း လူ (၃၀) ကျော်ကို ဖမ်းဆီးကာ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြေညာခဲ့ပါတယ်။
အစ္စရေးတင့်ကားတွေ၊ ဘူဒိုဇာတွေဟာ တနင်္ဂနွေနေ့က မြောက်ပိုင်း ဂျီနင်မြို့တော်ရှိ ဒုက္ခသည်စ ခန်းတွေကို ဖြိုချပစ်ခဲ့ပါတယ်။
၂၀၀၂ ခုနှစ် ပါလက်စတိုင်းအရေးတော်ပုံနောက်ပိုင်း အစ္စရေးနိုင်ငံက ယခုလိုလုပ်ဆောင်တာ ပ ထမဆုံးအကြိမ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ဒုက္ခသည်စခန်းတွေကနေ ပါလက်စတိုင်း ၄၀၀၀၀ ဝန်းကျင်ကို ဖယ်ရှားခဲ့တယ်လို့ အစ္စရေး ကာ ကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောပါတယ်။
ဒုက္ခသည်စခန်းကို ဖြိုဖျက်ဖို့နဲ့ အကြမ်းဖက်မှုဝါဒ နောက်တစ်ကြိမ် မကြီးထွားလာစေရေး ဒေသ ခံတွေကို ပြန်နေခွင့်မပြုဖို့ စစ်တပ်ကို ညွှန်ကြားထားတယ်လို့ ၎င်းက ဆိုပါတယ်။
အစ္စရေး အခြေချနေထိုင်သူတွေရဲ့ အနောက်ဘက်ကမ်းဒေသမှာ အကြမ်းဖက်မှုတွေနဲ့ အခြား ချိုးဖောက်မှုတွေ မြင့်တက်လာတာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; Israel deploys tanks in West Bank for 1st time in 20 years
#Ayeyarwaddy_Times