ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေသည့် ကျောက်ဖြူမြို့နယ် ဓညဝတီ ရေတပ်ဌာနချုပ်အနီးရှိ သစ်ပုတ်တောင်ကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက စစ်ရှောင်ခွင့်မပေးဘဲ ပိတ်ဆို့ထားကြောင်း သိရသည်။

စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေမှုကြောင့် သစ်ပုတ်တောင်ကျေးရွာ အတွင်းရှိ ဒေသခံများမှာ စစ်ရှောင်လိုသော်လည်း ကျေးရွာအတွင်းမှပေးမထွက်ဘဲ တားမြစ်ထား ကြောင်း သိရသည်။

“ရေတပ်နားက ရွာတွေကို စစ်ကောင်စီက စစ်ရှောင်ဖို့ ပိတ်ပင်ထားတယ်။ တချို့လည်း ထွက်ပြေးလွတ် မြောက်သွားပေမယ့် အချို့လည်း ပိတ်မိကျန်နေခဲ့တယ်။ လက်နက်ကြီးတွေရော ဒရုန်းတွေရော နေ့တိုင်း ပစ်နေတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေပိုင်းမှစတင်၍ ဓညဝတီရေတပ်ဌာနချုပ်ကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှလည်း အပြန်အလှန်ပစ်ခတ်မှုများ ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားစဉ်အတွင်း လက်နက်ကြီး၊ ဒရုန်းဗုံးများသုံး၍ တိုက်ခိုက်သည့်အပြင် လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံများ သေဆုံးမှုရှိကြောင်း သိရသည်။

သစ်ပုတ်တောင်ကျေးရွာအတွင်း အိမ်ခြေ ၁၅၀ ခန့်ရှိ ပြီး ဒေသခံအချို့မှာ အခြားကျေးရွာများသို့ ထွက် ပြေးတိမ်းရှောင်သွားကြသော်လည်း အများစုမှာ ပိတ်မိကျန်ရစ်နေကြောင်း သိရသည်။

စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် သစ်ပုတ်တောင်၊ ရှောက်ချောင်း၊ စီမော်၊ ကြပ်တိမ်၊ စိုင်ခြုံစသည့်ကျေးရွာများဘက်သို့ ကျရောက်ပေါက် ကွဲသဖြင့် ဒေသခံအများစု ထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။

စစ်ကောင်စီက ဓညဝတီရေတပ်စခန်း တိုက်ခိုက်ခံရ၍ ရေတပ်ဌာနချုပ်အပါအဝင် နှင်းဖဲတောင် စခန်းကုန်း၊ အမှတ် ၃၂ ရဲတပ်ရင်းအပါအဝင် ပင်လယ်ပြင် တွင်ရပ်ထားသည့် Navy များကပါ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#ရခိုင် #ကျောက်ဖြူ #ဓညဝတီရေတပ် #သစ်ပုတ်တောင် #ဒေသခံ #စစ်ရှောင်ခွင့် #စစ်ကောင်စီတားမြစ် #Ayeyarwaddy_Times