ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၂၅ ရက်

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ လက်ခံအောက်ခံ၊ တပ်ရင်း၂ (အောက်ချင်းတပ်ရင်း) က လေးကြိမ်မြောက်ညီလာခံကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် CDF-မတူပီ၊ တပ်မဟာ ၂ ၊ တပ်မဟာမှူးဆလိုင်းနိုင်ဂျွန်ကိမ်းက အမှာစကားပြောကြားပြီး တော်လှန်ရေးကာလ လေးနှစ်အတွင်း ကျဆုံးရဲဘော်များ၏ မိသားစုဝင်များကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ရဲဘော်များ၏ စိတ်ဓာတ်မြှင့်တင်နိုင်ရေးအတွက် ဘောလုံးပွဲ၊ ခြင်းလုံးနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲတို့ကို ကျင်းခဲ့​ပြီး အနိုင်ရသော ပြိုင်ပွဲဝင်အသင်းများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

တော်လှန်ရေးကာလ လေးနှစ်အတွင်းတွင် အောက်ချင်းတပ်ရင်းမှ တပ်ရင်းမှူးအပါအဝင် ရဲဘော် ခုနှစ်ဦးကျဆုံးပြီး ကိုယ်လက်အင်္ဂါပေးဆပ်သူ ၁၆ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ သည် ချင်းလဲန်အစိုးရနှင့် ပူးပေါင်းပြီး မိမိရည်မှန်းချက်ဖြစ်သည့် အာဏာရှင်စနစ်ပျက်သုန်း၍ ဖက်ဒရယ်ဒီမိုကရေစီရရှိသည့်တိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

Photo-CDF-မတူပီ၊ အောက်ချင်းတပ်ရင်း၏ ညီလာခံကျင်းပသည့် မှတ်တမ်းပုံများ။
#CDF-မတူပီ #တပ်မဟာ၂ #တပ်ရင်း၂ #၄ကြိမ်မြောက် #ညီလာခံကျင်းပ #Ayeyarwaddy_Times