
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
မလေးရှားနိုင်ငံဟာ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့နဲ့ ပြည်သူတွေရဲ့အနာဂတ်ကို ကာကွယ်စောင့် ရှောက်နိုင်ရေး လူကုန်ကူးမှု ဖြေရှင်းတာအပါအဝင် မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ကတိပြုထားဆဲလို့ သိရ ပါတယ်။
ပြီးခဲ့တဲ့လအတွင်း လန်ကာဝီကျွန်းမှာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အ စည်းအဝေးမှာ မြန်မာ့အရေးဟာ အဓိက အကြောင်းအရာဖြစ်ခဲ့ပြီး အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ် ဆန်က ပြောပါတယ်။
“အာဆီယံအဖွဲ့က အခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရေး အခြေခံမူကို ကိုင်စွဲထား ပေမယ့် မြန်မာ့အရေးဟာ အခြားတိုင်းပြည်တွေကို ကျော်လွန်သွားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
“လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်မှု၊ ဆိုက်ဘာရာဇဝတ်မှုနဲ့ မူးယစ်ဆေးဝါးပြဿနာတွေဟာ မ လေးရှားအပါအဝင် အိမ်နီးချင်းတိုင်းပြည်တွေအတွက် စိန်ခေါ်မှုတွေ ဖြစ်စေပါတယ်” လို့ ၎င်းက သတင်း ထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးကြောင့် ဘေးသင့်ဧရိယာတွေမှာ လူသားချင်းစာနာ မှုအကူအညီ အဟန့်အတားမရှိ ပေးအပ်မှုကို ထောက်ကူစေမယ်လို့ သူက ဆက်ပြောပါတယ်။
“မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ပြန်လည်ရရှိတာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်။ အဲလိုမှသာ ရွေးကောက်ပွဲကျင်းပဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှာပါ။ နိုင်ငံရေးအနာဂတ်ကို ဆုံးဖြတ်ဖို့က မြန်မာပြည် သူတွေအပေါ်မှာသာ မူတည်ပါတယ်။ အာဆီယံအဖွဲ့ရဲ့ အခြေခံကျတဲ့ စိုးရိမ်မှုက မြန်မာ့အကျပ်အတည်း အဆုံးသတ်ဖို့ဖြစ်ပါတယ်” လို့ မိုဟာမက်ဟတ်ဆန်က ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လူကုန်ကူးခံထားရတဲ့ မလေးရှားနိုင်ငံသား ၂၂ ဉီး နေရပ်ပြန်ပို့ရေးအတွက် မလေး ရှားအစိုးရက ထိုင်းအစိုးရက အနီးကပ် လက်တွဲဆောင်ရွက်နေတယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Bernama
Ref; Foreign minister affirms Malaysia’s commitment to ending Myanmar crisis
#Ayeyarwaddy_Times