ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

မြန်မာနဲ့ရုရှားဟာ ဆိပ်ကမ်းတစ်ခုနဲ့ ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ရေးအပါအဝင် ထား ဝယ်အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ မှာ ပြောပါတယ်။

သဘောတူညီချက်ကို ရုရှားဝန်ကြီး မတ်ဇင်ရီရှက်နီကော့ဗ်နဲ့ မြန်မာစစ်ကောင်စီ ရင်းနှီးမြှပ်နှံမှု နှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီး ဉီးကံဇော်တို့ လက်မှတ်ရေးထိုးခဲ့တာပါ။

“စာချုပ်မှာ မြန်မာနိုင်ငံရှိ ရုရှားကုမ္ပဏီတွေ အကောင်အထည်ဖော်ဆောင်နေတဲ့ အခြေခံအ ဆောက်အအုံနဲ့ စွမ်းအင်စီမံကိန်းတွေ ပါဝင်တယ်” လို့ ရုရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ကျွန်တော်တို့ ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက် မယ့်စီမံကိန်းတွေနဲ့ပတ်သက်လို့ ဆွေးနွေးနေပါတယ်။ ရေနံချက်စက်ရုံတစ်ခု တည်ဆောက်ဖို့ အပြီးသတ် ဆုံးဖြတ်ချက် မချမှတ်ရသေးပါဘူး” လို့ မတ်ဇင်ရီရှက်နီကော့ဗ်က ပြောပါတယ်။

“မြန်မာနိုင်ငံဘက်က ရေနံချက်စက်ရုံ တည်ဆောက်လိုတဲ့ဆန္ဒရှိပါတယ်။ စီးပွားရေးအရ ဖြစ်နိုင် ချေလေ့လာမှုရှုထောင့်ကနေဆိုရင် ရေနံချက်စက်ရုံတည်ဆောက်ဖို့ အလွန် ရှုပ်ထွေးပါတယ်” လို့ အင် တာဖတ်ဇ်သတင်းဌာနက ဖော်ပြပါတယ်။

စက်မှုဇုန်တွေ၊ သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတွေ၊ သတင်းထုတ်ပြန်မှုနည်းပညာဇုန် တွေနဲ့ ပို့ကုန်ထုတ်ပိုးဇုန်တွေပါဝင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ စတုရန်းကီလိုမီတာ ၁၉၆ ရှိ တယ်လို့ ရုရှားဝန်ကြီးဌာနက ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက်ခံအ ရပ်သားအစိုးရကို ဖြုတ်ချပြီးနောက် ရုရှားဟာ မြန်မာရဲ့ အနီးကပ်ဆုံး မဟာမိတ် ဖြစ်လာခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတစ်လုံး တည်ဆောက်ဖို့ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။

ကိုးကား – Reuters
Ref; Russia signs memorandum to build port, oil refinery in Myanmar
#Ayeyarwaddy_Times