
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်
တိုင်းပြည်အတွက် ငြိမ်းချမ်းရေးရရှိလျင် ရာထူးမှနှုတ်ထွက်ဖို့ အဆင်သင့်ရှိတယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် (၃) နှစ်မြောက် အထိမ်းအမှတ်မရောက်မီ တစ်ရက်အလို တနင်္ဂနွေနေ့က ကိယက်ဗ်မြို့တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ပြောခဲ့တာပါ။
သမ္မတရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ ယူကရိန်းနိုင်ငံမှာ ငြိမ်း ချမ်းရေးရရှိရင် ရာထူးမှနှုတ်ထွက်လိုတဲ့ ဆန္ဒရှိတယ်လို့ ၎င်းက ဖြေကြားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ နေ တိုးအဖွဲ့မှာ ဝင်ရောက်ခွင့်ရရှိရေး ကြိုးပမ်းမယ်လို့လည်း သူက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်စကီးကို ရွေးကောက်ပွဲမရှိတဲ့ အာဏာရှင်တစ်ဉီးလို့ ခေါ်ဆိုခဲ့ပြီး ယူကရိန်းက သမ္မတရွေးကောက်ပွဲကျင်းပဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုဟာ ယူကရိန်းရဲ့ သတ္တုအရင်းအမြစ်တွေ ပိုင်ဆိုင်ခွင့်ကို ဆွေးနွေးခဲ့ ပေမယ့် အမေရိကန်နိုင်ငံက တင်ပြတဲ့ ကနဉီးအစီအစဉ်မှာ လုံခြုံရေးအာမခံချက်တေွ မပါဝင်ခဲ့ဘူးလို့ ဇီ လန်စကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံအတွက် အမေရိကန်နိုင်ငံရဲ့ လုံခြုံရေး အာမခံချက်တွေဟာ အလွန်ကို အရေးကြီး တယ်လို့ သူက ဆိုပါတယ်။
အမေရိကန်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားတွေရှိရာ ယူကရိန်းသို့ အမေရိကန်နိုင်ငံက ဘာကြောင့် တပ်ဖွဲ့တွေ မစေလွှတ်နိုင်ရသလဲဆိုတာ သူက မေးမြန်းခဲ့ပေမယ့် အခုချိန်ထိ အဖြေမရဘူးလို့
ဆိုပါတယ်။
ကိုးကား – NHK
Ref; Zelenskyy says he is ready to resign as president if it brings peace to Ukraine
#Ayeyarwaddy_Times