ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၄ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်ရှိ ကျေးရွာများတွင် စစ်မှုထမ်းရန် အင်အားအများအပြား စုဆောင်းနေ၍ ဒေသခံပြည်သူများ ထွက်ပြေးနေကြရကြောင်း သိရသည်။

ပုသိမ်အရှေ့ ရေတွင်းဆိပ်အုပ်စုအပိုင် သရက်တော၊ အုန်းတော၊ ကျုံလာ၊ ချောင်းဖျား၊ တံခွန်တိုင် ကျေးရွာများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်နှင့် ရာအိမ်မှူး ဦးအောင်သူစိုးတို့က စစ်မှုထမ်းရန်အတွက် တစ်ပတ်လျှင် လူအင်အား ၁၃ ဦးပေးရန် အတင်းအကျပ်ကောက် ယူနေကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံက သိရသည်။

“ရွာမှာ ပိုက်ဆံတွေလည်း လစဉ်ကောက်နေတဲ့ကြားက ကလေး လေး ယောက်အဖေကို စစ်မှုထမ်းထဲ ထည့်လိုက်တယ်။ အခုက ရက်တိုသင်တန်းပေးပြီး ရှေ့တန်းလွှတ်နေတာ အသက်အာမခံချက်မရှိဘူး” ဟု ကန်ကြီး ထောင့်နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြော သည်။

ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်လာပြီးနောက် စစ်ကောင်စီက မြို့နယ်များအတွင်းရှိ ကျေးရွာ များမှ စစ်မှုထမ်းရန် လူငယ်၊ လူရွယ်အများအပြားကို အတင်းအကျပ် ဖမ်းဆီးနေသည့်အပြင် စစ်မှုထမ်း ထောက်ပံ့ရန်ဟုဆိုကာ လစဉ်ကြေးများ ပုံမှန်ကောက်ယူပြီး အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ် ဖွဲ့များက ခွဲဝေသုံးစွဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ရေတွင်းဆိပ်အုပ်စုရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများသည် ဒေသခံများထံမှ စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ လစဉ်ငွေကြေးအမြောက်အများကောက်ယူပြီး အချိုးကျခွဲဝေယူနေကြ ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် ဧရာဝတီတိုင်းအတွင်းရှိ တိုက်ပွဲများတွင် စစ်ကောင်စီက လူအင်အား လိုအပ်ချက် များနေသည့် အတွက် တပ်ဆေးရုံများတွင် ဆေးကုသမှုခံယူနေသည့် တပ်ဖွဲ့ဝင်များကိုပင် ဆွဲထုတ်၍ ရှေ့တန်းသို့ အလျင်အမြန်ပို့ဆောင်နေကြောင်း သိရသည်။

#ဧရာဝတီတိုင်း #ကန်ကြီးထောင့် #စစ်မှုထမ်း #တစ်ပတ် #၁၃ဦးကောက်ယူ #Ayeyarwaddy_Times