ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်

မြန်မာစစ်ကောင်စီဟာ ဖေဖော်ဝါရီလ ၂၂ ရက်က ထိုင်းနိုင်ငံမှတစ်ဆင့် နေရပ်ပြန်ပို့ဖို့ တရုတ် ကျားဖြန့်လုပ်သား ၁၀၀ ကျော်ကို လွှဲပြောင်းပေးခဲ့ရာ တရားမဝင် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖြို ခွင်းမှုမှာ တတိယအသုတ် လွှဲပြောင်းပေးမှု ဖြစ်ပါတယ်။

လာမယ့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှ ရာနဲ့ချီတဲ့ နိုင်ငံခြားသား တွေကို နေရပ်ပြန်ပို့မှာဖြစ်ပါတယ်။

စနေနေ့က တတိယအသုတ် တရုတ်နိုင်ငံသား ၁၁၁ ဉီးကို မဲဆောက်မြို့ရှိ အမှတ် (၂) ထိုင်း-မြန် မာ ချစ်ကြည်ရေး တံတားမှတစ်ဆင့် လွှဲပြောင်းပေးခဲ့တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။

ကျားဖြန့်ပြဿနာဟာ ရှုပ်ထွေးသော နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတစ်ခုလို့ ထိုင်းဒုတိယဝန် ကြီးချုပ် ဝီချာရာချိုင်းက ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရက မြန်မာနယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေသို့ ဓာတ်အား၊ လောင်စာဆီနဲ့ အင် တာနက်ဖြတ်တောက်ခဲ့တဲ့အပြင် နယ်စပ်ထိန်းချုပ်မှု အစီအမံတွေ တိုးမြှင့်ဖို့ အကြီးတန်း ထိုင်းအရာရှိ တွေကို ညွှန်ကြားခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။

၎င်းတို့ဟာ ဆန္ဒမပါဘဲ အဓမ္မ ခိုင်းစေခံခဲ့ရတယ်လို့ ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက် လာသူတွေက ပြောဆိုပေမယ့် တရုတ်အစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတွေက ကျားဖြန့်သံသယရှိသူလို့ ဖော်ပြခဲ့ ပါတယ်။

ကျားဖြန့်စင်တာတွေကို တိုက်ဖျက်ဖို့ တရုတ်၊ မြန်မာနဲ့ထိုင်းကြား (၃) နိုင်ငံ ပူးပေါင်းဆောင်ရွက် နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – AFP
Ref; Myanmar returns more than 100 Chinese scam centre workers

#Ayeyarwaddy_Times