
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၃ ရက်
လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ ဥပဒေမဲ့ဒေသတစ်ခုဖြစ်တဲ့ မြဝတီမြို့က ဆိုက်ဘာငွေလိမ်ဂိုဏ်းတွေမှာ အိန္ဒိယနိုင်ငံသား ၂၀၀၀ နီးပါး ပါဝင်နေတယ်လို့ သိရပါတယ်။
အလုပ်အကိုင်အတုတွေနဲ့ ဖြားယောင်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားအများစုဟာ အိန္ဒိယနဲ့ အမေရိ ကန်နိုင်ငံရှိ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ ငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မ စေခိုင်းခံနေရပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်လိုသူတွေဟာ ကျားဖြန့်လုပ်သားတွေ ဖြစ်ယုံသာမက ရာဇဝတ်ကောင်တွေလည်းဖြစ်တယ်လို့ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးက သတိပေးခဲ့ပါတယ်။
အလုပ်အကိုင်ရှာဖွေသူတွေဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံရှိ အလုပ်အကိုင် ကမ်းလှမ်း မှုတွေကို အတည်ပြုဖို့ အိန္ဒိယအာဏာပိုင်တွေက တိုက်တွန်းခဲ့ပြီး ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်သူ တွေဟာ ဥပဒေဆိုင်ရာ အကျိုးဆက်တွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
ကျားဖြန့်လူကုန်ကူးခံရသူ ၁၅၀ ဉီးထက်မနည်းရှိကြောင်း ဖော်ထုတ်ခဲ့ပြီး အမှန်တစ်ကယ် အရေ အတွက်ဟာ ပိုများတယ်လို့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အကူအညီတောင်းခံသူတွေကို ကယ်တင်ဖို့ လုပ် ဆောင်နေတယ်လို့ အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက်က အိန္ဒိယနိုင်ငံသား (၃) ဉီး မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုမှ လွတ် မြောက်လာခဲ့ပြီး ၎င်းတို့ ရန်ကုန်မြို့သို့ရောက်ရှိရေး အိန္ဒိယသံရုံးက ကူညီပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်းနိုင်ငံရှိ ကျားဖြန့်လုပ်ငန်း တွေမှ အိန္ဒိယနိုင်ငံသား ၆၀၀ ကျော်ကို ကယ်တင်ခဲ့ပါတယ်။
ကိုးကား – The Times of India
Ref; 2,000 Indians working in Myanmar cybercrime camps, some willingly
#Ayeyarwaddy_Times