ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

တရုတ်၊ ထိုင်းနဲ့ မြန်မာတို့က အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ဖို့ စစ်ဆင် ရေးတစ်ရပ်ကို ပူးတွဲ လုပ်ဆောင်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ သံသယဖြစ်ဖွယ်ရာပါဝင်သူ တရုတ်နိုင်ငံသား ပထမအသုတ် ၂၀၀ ကို မြန်မာမှ တရုတ်သို့ ထိုင်းမှတစ်ဆင့် ပြန်ပို့ခဲ့ကြောင်း၊ တရုတ်၊ မြန်မာနဲ့ ထိုင်းတို့ ပူးတွဲလုပ်ဆောင်တဲ့ စစ် ဆင်ရေးနဲ့ပတ်သက်ပြီး အမြင်ကိုပြောဖို့ Beijing Daily သတင်းစာရဲ့ မေးမြန်းချက်ကို သူက အခုလို ဖြေ ကြားခဲ့တာပါ။

ကျားဖြန့်လုပ်ငန်းတွေများစွာကို အမြစ်ပြတ်ချေမှုန်းခဲ့ပြီး သံသယရှိသူတွေကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုင်းနဲ့မြန်မာတို့ရဲ့ ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းဖို့၊ တရုတ်နဲ့အခြားတိုင်းပြည်များမှ ပြည်သူတွေရဲ့ အ သက်၊အိုးအိမ်ကို ကာကွယ်ပေးတဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုပါကြောင်း ၎င်းက ဆိုပါတယ်။

အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေဟာ ကောင်းကျိုးမပေးပဲ ဥပဒေအရ အပြစ်ပေး ခံရမယ်လို့ Guo Jiakun က ဆက်ပြောပါတယ်။

ထိုင်း၊ မြန်မာတို့နဲ့ ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်ပြီး တရုတ်နိုင်ငံသားတွေကို ကယ်တင်ဖို့အ တွက် တရုတ်အစိုးရဟာ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်တွေ တိုက်ဖျက်ဖို့၊ တ ရုတ်နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေး အခြားတိုင်းပြည်တွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ ၎င်းက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ ပြည်ပရှိ သံတမန်မစ်ရှင်တွေက တရုတ်နိုင်ငံသားတွေ ဘေးကင်းလုံခြုံ ရေးနဲ့ ကာကွယ်စောင့်ရှောက်ဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – http://us.china-embassy.gov.cn/en
Ref; Foreign Ministry Spokesperson Guo Jiakun’s Regular Press Conference on February 21, 2025

#Ayeyarwaddy_Times