
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
မြန်မာအပါအဝင် ပြည်ပ (၁၀) နိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အင်ဒိုနီးရှားနိုင်ငံသား ၆၈၀၀ ပါဝင်တာကို တွေ့ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ အင်ဒိုနီးရှားနိုင်ငံသား ၆၈၀၀ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါ ဝင်တဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဂျူဒါနူဂရာဟာက ပြောပါ တယ်။
အင်ဒိုနီးရှားနိုင်ငံသား ၆၈၀၀ ကျော် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နဲ့မြန်မာရှိ ကျားဖြန့်လုပ်ငန်းတွေ မှာ လူကုန်ကူးခံခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
အလုပ်ဗီဇာ သို့မဟုတ် အလုပ်စာချုပ်မရှိဘဲ လစာမြင့်မားတဲ့ အလုပ်အကိုင်တွေနဲ့ ဆွဲဆောင် စည်းရုံးတာကို သတိထားကြဖို့ ၎င်းက အင်ဒိုနီးရှားပြည်သူတွေကို တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံရှိ အွန်လိုင်းလောင်းကစားတွေမှာ သံသယဖြစ်ဖွယ်ရာ ပါဝင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ သား ၂၇၀ ဉီးကို နေရပ်ပြန်ခေါ်နိုင်ဖို့ အင်ဒိုနီးရှားအစိုးရက ကြိုးပမ်းနေပါတယ်။
“အွန်လိုင်းလောင်းကစားတွေမှာ လူကုန်ကူးခံရသူတွေသာမက ပြစ်မှုကျူးလွန်သူတွေပါဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံသား ၂၇၀ ဉီးကို နေရပ်ပြန်ခေါ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်” လို့ သူက ပြော ပါတယ်။
လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ အရင်ဆုံး ထိုင်းနိုင်ငံမှာ အလုပ်ဖို့ ကမ်းလှမ်းခံရ ကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိပြီးနောက် ၎င်းတို့ကို မဲဆောက်မြို့မှတစ်ဆင့် မြဝတီမြို့သို့ ပို့ဆောင်တာ ဖြစ်ကြောင်း ဂျူဒါနူဂရာဟာက ဆိုပါတယ်။
မြန်မာနိုင်ငံ၊ မြဝတီမြို့မှာ လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား ၉၂ ဉီးကို ဘေးကင်းရာရွှေ့ ပြောင်းဖို့ အင်ဒိုနီးရှားအစိုးရက စီစဉ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကား – Antara News
Ref; 6,800 Indonesians involved in online fraud overseas: govt
#Ayeyarwaddy_Times