
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်
တိုင်းနှင့်ပြည်နယ်အချို့တွင် လာမည့်သုံးရက်အတွင်း နေ ရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန် သည်။
ထိုသို့ မိုးထစ်ချုန်းရွာနိုင်ခြင်းမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများအပါအဝင် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများ တွေ့ဆုံမှု၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။
လာမည့် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အတွင်း နေပြည် တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက ဆိုသည်။
ယင်းပြင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်သဖြင့် သတိထားရန်လိုအပ်ကြောင်းအသိ ပေးထား သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#လာမည့်ရက် #မိုးထစ်ချုန်းရွာနိုင် #တိုင်းနှင့်ပြည်နယ်အချို့Ayeyarwaddy_Times