ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၂ ရက်

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်များ သိမ်းပိုက်ထားသည့် မံစီမြို့နယ်၊ မန်တာရွာကို စစ်ကောင်စီက လေ ကြောင်းမှ ဗုံးလေးကြိမ် ကြဲချတိုက်ခိုက်ရာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခန့်က မံစီမြို့နယ်၊ မန်တာရွာကို လေကြောင်းမှ ဗုံးသီး ၁၂ လုံးထက်မနည်း ကြဲချတိုက်ခိုက်သည့်အတွက် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“Y 12 နဲ့ ဗုံးလေးကြိမ်လာကြဲတာ။ ဗုံး ၁၂ လုံးကျော် ပေါက် ကွဲတယ်။ လသားလေးတွေပါ ထိခိုက်ဒဏ်ရာရကုန်တယ်။ ဆန်စက်တွေလည်း ပျက်စီးသွားတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မောင်ငွါးဆာလေး အ သက် (၈) နှစ်၊ မယာမဆီ (၂၀) တို့သေဆုံးသွားပြီး အသက် ၈ လအရွယ်ရှိ မငွါးယေမီးနှင့် ၁၀ နှစ်အရွယ် မောင်လုကာ၊ ၂၇ နှစ်အရွယ် မထွန်းစန္ဒာတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် နေအိမ်များနှင့် ဆန်စက်အပြင် လယ် ကွက်များပါ ဗုံးသီးထိမှန်ပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူများကိုဆေးကုသမှုပေးရန် လုပ်ဆောင်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း တိုင်း ရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် လူထိခိုက်သေဆုံးမှုများ ရှိကြောင်းသိရသည်။

#ကချင် #မံစီ #မန်တာရွာ #စစ်ကောင်စီ #လေကြောင်းဗုံးကြဲ #Ayeyarwaddy_Times