
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်
နိုင်ငံကျော်ဆောင်းအမီသီချင်းဖြင့်ထင်ရှားကျော်ကြားသူ မြန်မာသံစဉ်အဆိုတော်ကြီး ခင်ညွန့်ရီသည် ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားရာ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုဟ်မည်ကြောင်း သမီးဖြစ်သူ အဆိုတော်အိုပြည့်ရှင်ထံက သိရသည်။
မြန်မာသံအဆိုတော် ခင်ညွန့်ရီသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာနတွင်ဇန်နဝါရီ ၃၀ ရက်မှစတင်ကာ ရက် ၂၀ ကျော်ကြာ ဆေးဝါးကုသမှုခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံ၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။
” အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့အနုပညာ ၊ သူချစ်တဲ့ပရိတ်သတ်များကို ထာဝရ စွန့်ခွာသွားပါပီ” ဟု သမီးဖြစ်သူ အဆိုတော် အိုပြည့်ရှင်က Facebook လူမှုကွန်ရက်တွင် ဝမ်းနည်းစွာရေးသားထားသည်။
အဆိုတော် ခင်ညွန့်ရီသည် လွန်ခဲ့သောနှစ်များက အစိုးရစာသင်ကျောင်းများတွင် သီဆိုသင်ကြားရသော ဇာတိမာန်သီချင်းသီဆိုသူဖြစ်ကာ အဆိုတော် ခင်ညွန့်ရီ သီဆိုခဲ့သည့် တေးသီချင်များအနက် ဆောင်းအမီ၊ သောကသူဌေးမလေး၊ မလွမ်းဘယ်သူနေပါ့မယ်၊ တိမ်ပလီနွေနှောင်း၊ လက်ပံပွင့်ကောက် အရောက်လာမယ်၊ ချစ်တံခြူရှင်၊ နှင်းဆီမလေးချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်းနာချင်တယ်၊ အချစ်တစ်ပွဲစစ်ပွဲတစ်ရာတေးစသည့် သီချင်းများသည် မြန်မာသံပရိတ် သတ်များအကြားတွင် ယနေ့ထိုင်ရေပန်းစားနေဆဲဖြစ်သော ဖြစ်သည်။
ဂန္ထဝင်တေးသံရှင် ခင်ညွန့်ရီသည် ယခင် ကက်ဆက်ခွေခေတ်တွင် ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့ပြီး ယနေ့ချိန်အထိ သူ၏ ပရိတ်သတ်များရှိနေဆဲဖြစ်သည်။
အဆိုတော် ခင်ညွန့်ရီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း သည်းခြေအိတ်ကျောက်တည်သဖြင့် ခွဲစိတ်ကုသမှူခံယူခဲ့ရသည်။
ဓာတ်ပုံ – အဆိုတော်အိုပြည့်ရှင် Facebook စာမျက်နှာ
#မြန်မာသံစဉ်အဆိုတော် #ခင်ညွန့်ရီကွယ်လွန် #ရေဝေးသုသာန်ချမည် #Ayeyarwaddy_Times