ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၁ ရက်

ယခုရက်ပိုင်းအတွင်းအမေရိကန်ဒေါ်လာဈေးကျနေပြီး ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးတက်နေကြောင်း ဈေးကွက်အတွင်းက စုံစမ်းသိရသည်။

ယနေ့ ဖေဖေါ်ဝါရီ ၂၁ ရက်တွင် အမေရိကန်တစ်‌ဒေါ်လာလျှင်ဝယ်ဈေး ကျပ် ၄၄၂၀ နှင့် ရောင်း‌ဈေး ၄၄၈၀ ကျပ်ရှိပြီး ယခုတစ်ပတ်အတွင်း ကျပ် ၂၀ ကျလာ‌ကြောင်းသိရသည်။

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၂၉၀၃ ဒေါ်လာရှိရာမှ ယနေ့တွင် ၂၉၂၁ ဒေါ်လာထိဈေးမြင့်တက်လာကြောင်းသိရသည်။

ပြည်တွင်းရွှေဈေးသည် ယခုနှစ်စကတည်းက မြင့်တက်လာခြင်းဖြစ်ပြီး ယနေ့ အကယ်ဒမီအခေါက်ရွှေ‌‌ဈေးသည် တစ်ကျပ်သား ( ၁၆ ဒသမ ၃၂၉ ဂရမ်) ကို ကျပ် ၆၇ သိန်းပတ်ဝန်းကျင်ရှိကြောင်း ဈေးကွက်အတွင်းကစုံစမ်းသိရသည်။

ပြင်ပရွှေပေါက်ဈေးတွင် ရွှေတစ်ကျပ်သားလျှင် ရောင်းဈေးကျပ်သိန်း ၆,၆၆၀,၀၀၀ ဖြစ်ပြီး ဝယ်ဈေးမှာ ကျပ် ၆,၆၅၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်လုပ်ကြောင်းသိရသည်။

“အရင်ရွှေဈေးတွေတက်တုန်းက အချို့ဆိုင်တွေက အပြင်ဈေးနဲ့ရောင်းပြီးတော့ ပြန်ဝယ်တော့ စစ်ကောင်စီသတ်မှတ်ဈေးနဲ့ပြန်ဝယ်တယ်။ အဲဒီလိုဆိုင်တွေရှိဖူးတယ်။ အဲဒီတုန်းကရွှေစုတဲ့သူတွေနစ်နာတာပေါ့။ အခုတော့ အပြင်ဈေးနဲ့ပဲရောင်းဝယ်နေကြပြီ။ ရွှေတစ်ပဲကအစဆိုင်‌တွေမှာပြန်ရောင်းနေပြီ” ဟု ရွှေစုသူ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီသတ်မှတ်ဈေးနှုန်းတွင် စံချိန်မီရွှေ တစ်ကျပ်သား ( ၁၆ ဒသမ ၃၂၉ ဂရမ်) ဈေးနှုန်း ကျပ် ၅,၅၀၀,၀၀၀ ကျပ်အဖြစ် ဓာတ်သတ္တု( ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကန်ဒေါ်လာဈေးကျ #ပြည်တွင်းရွှေဈေး #ကမ္ဘာ့ရွှေဈေးတက် #Ayeyarwaddy_Times