
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၁ ရက်
ယမန်နေ့ညနေပိုင်းက မြန်မာနိုင်ငံ၊ မြဝတီမြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံခဲ့ရတဲ့ ကျားဖြန့်လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား (၄၆) ဉီးထဲမှာ အနောက်ဂျဗားခရိုင်၊ အင်ဒရာမာယုခ ရိုင်လွှတ်တော်မှ လွှတ်တော်အမတ်ဟောင်းတစ်ဉီးလဲ ပါဝင်တယ်လို့ သိရပါတယ်။
ကျားဖြန့်လူကုန်ကူးခံရသူ အင်ဒိုနီးရှားနိုင်ငံသား (၄၆) ဉီးဟာ ပြည်နယ် (၉) ခုမှဖြစ်ပြီး အများစု က မြောက်ဆုမားတြားနဲ့ အနောက်ဂျာဗားမှဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဂျူဒါနူဂရာဟာက ပြောပါတယ်။
“ကယ်တင်ခဲ့တဲ့ ရွှေ့ပြောင်းလုပ်သား (၄၆) ဉီးထဲမှာ အင်ဒရာမာယုခရိုင်လွှတ်တော်မှ လွှတ်တော် အမတ်ဟောင်းတစ်ဉီးလဲ ပါဝင်တယ်ဆိုတာ ကျွန်တော် အတည်ပြုပါတယ်” လို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ နှိပ်စက်ခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို လေယာဉ် နှစ်စင်းနဲ့ ပို့ဆောင်ခဲ့ရာ ကြာသပတေးနေ့နှောင်းပိုင်းနဲ့ သောကြာနေ့မနက်ပိုင်းမှာ ဆူကာနိုဟတ်တာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မြဝတီမြို့မှာ အင်ဒိုနီးရှားနိုင်ငံသား ၂၇၀ ဉီး ပိတ်မိနေဆဲဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း တို့လွတ်မြောက်ပြီး အိမ်ပြန်ခေါ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ သူက အတည်ပြုခဲ့ပါတယ်။
“ကျားဖြန့်လူကုန်ကူးသူတွေကို အသေးစိတ် စုံစမ်းစစ်ဆေးမှု စတင်ပြီး အရေးယူဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဂျူဒါနူဂရာဟာက ပြောပါတယ်။
ကယ်တင်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား (၄၆) ဉီးကို လူမှုဝန်ထမ်းဝန်ကြီးဌာနမှ စစ်ဆေးမှုပြုလုပ် ကာ နေရပ်ပြန်ပို့မယ်လို့ အင်ဒိုနီးရှား ရွှေ့ပြောင်းလုပ်သားများ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ရီနာဒီက ပြောပါတယ်။
ကိုးကား – Antara News
Ref; Some 46 trafficked Indonesians repatriated, including ex-legislator
#Ayeyarwaddy_Times