
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၂၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ က ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ယမန်နေ့၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က Camp ဘုံတလာတွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်အနားတွင် တပ်မဟာ ၂ ၊ တပ်မဟာမှူးက အမှာစကားပြောကြားပြီး ဒေသခံပြည်သူများက ချင်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ယခင် ၂၀၂၄ ခုနှစ်က ပိတ်ပင်ထားသော မတူပီ-ဟားခါးလမ်း၊ မတူပီ-လိုင်လင်းပီလမ်းနှင့် မတူပီ-ပလက်ဝလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဒေသခံများလွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်းထုတပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ ၂ သည် ချင်းလဲန်းအစိုးရနှင့် လက်တွဲထားသော ချင်းတော်လှန်ရေးတပ်ဖွဲ့ဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ-CDF-မတူပီ၊ တပ်မဟာ ၂ က ကျင်းပသော ၇၇ နှစ်မြောက် ချင်းအမျိုးသားနေ့
#မတူပီ #တပ်မဟာ၂ #၇၇နှစ်မြောက်ချင်းအမျိုးသားနေ့
#Ayeyarwaddy_Times