ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ပြည်ပခရီးသွားတွေကို ဘေးကင်းလုံခြုံမှု အာမခံဖို့ ထိုင်းအစိုးရက နယ်စပ်ဖြတ်ကျော် ငွေလိမ် ဂိုဏ်းတွေကို တက်တက်ကြွကြွ တိုက်ဖျက်နေတယ်လို့ ထိုင်ဝမ်ရှိ ထိုင်း ကုန်သွယ်ရေးနှင့် စီးပွားရေးရုံးက ပြောပါတယ်။

ငွေလိမ်ဂိုဏ်းတွေ လက်ခံထားရှိတဲ့ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ကို သွားရောက်လည်ပတ်ဖို့ အလွန်အန္တရာယ်ရှိသော တိုင်းပြည်များစာရင်းမှာ ထည့်သွင်းမယ်လို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာပြီးနောက် ထိုင်း ကုန်သွယ်ရေးနှင့် စီးပွားရေးရုံးက အခုလို ထုတ်ပြန် ခဲ့တာပါ။

အဆိုပါတိုင်းပြည်များသို့ သွားရောက်မယ့်ခရီးသွားတွေအတွက် လက်မှတ်တွေမှာ သတိပေးချက် တွေ ထုတ်ပြန်ပေးဖို့ တောင်းဆိုမယ်လို့ ထိုင်ဝမ် ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

ထိုင်းအစိုးရဟာ ဖေဖော်ဝါရီလနောက်ပိုင်း ကျားဖြန့်လုပ်ကိုင်သူတွေကို တင်းကျပ်သော အစီအ မံတွေ လုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွာ (၃၅) သန်း လာရောက်ခဲ့တယ်လို့ ထိုင်း ကုန်သွယ်ရေးနှင့် စီးပွားရေးရုံးက ပြောပါတယ်။

ထိုင်းအစိုးရဟာ ထိုင်းနယ်စပ် မြန်မာနိုင်ငံတွင်းရှိ ကျားဖြန့်လုပ်ငန်းတွေရှိရာ နယ်မြေများသို့ ဓာတ်အားနဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသို့လာရောက်မယ့် ထိုင်ဝမ်လူမျိုးတွေက အခြေအနေကို မိတ်ဆွေများသို့ ပြောပြဖို့ ထိုင်း ကုန်သွယ်ရေးနှင့် စီးပွားရေးရုံးက အကြံပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ထိုင်ဝမ် ၁၅၀၀၀၀ ကလည်း ခရီးသွားလာမှု အခြေအနေနဲ့ပတ်သက်လို့ အကြံပြုချက်တွေ ပေးနိုင်တယ်လို့ ထိုင်း ကုန်သွယ်ရေးနှင့် စီးပွားရေးရုံးက ဆိုပါတယ်။

ထိုင်ဝမ် (၇) ဉီး အပါအဝင် နိုင်ငံခြားသား ၂၆၀ ဉီးကို မြန်မာစစ်ကောင်စီက ပြီးခဲ့တဲ့အပတ်မှာ လွှတ်ပေးခဲ့ပါတယ်။ ထိုင်ဝမ် (၅) ဉီးက ထိုင်းရဲတပ်ဖွဲ့ရဲ့ မေးမြန်းမှုတွေခံရပြီးနောက် အိမ်ပြန်ရောက်ပြီ ဖြစ်ပါတယ်။

ကိုးကား – Taiwan News
Ref; Thailand unhappy about Taiwan listing it as high-risk destination

#Ayeyarwaddy_Times