
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
ထိုင်း သို့မဟုတ် မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့လာရောက်တဲ့ မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ ပြောင်း (၄၅) ဉီးကို ဗုဒ္ဓဟူးနေ့အစောပိုင်းက သွန်ဖာဖမ်ခရိုင်မှာ ဖမ်းဆီးမိခဲ့ပါတယ်။
ထိုင်းနိုင်ငံ အတွင်းပိုင်းပြည်နယ်တွေ သို့မဟုတ် မလေးရှားမှာ အလုပ်လုပ်ရမယ်လို့ ကတိပေးခဲ့တဲ့ ပွဲစားတွေကို ဘတ် ၇၀၀၀၀ စီ ပေးခဲ့ရတယ်လို့ မြန်မာရွှေ့ပြောင်းတွေက ဝန်ခံခဲ့ပါတယ်။
ထိုင်းရဲ၊ စစ်သားနဲ့ ဒေသန္တရ တာဝန်ရှိသူတွေဟာ သတင်းအရ ကန်ချနဘူရီလိုင်စင်ပါ ထရပ်ကား တစ်စင်းကို လှေနဲ့ရောက်လာမယ့် မြန်မာရွှေ့ပြောင်းတွေကို တင်ဆောင်ဖို့ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခဲ့ပါ တယ်။
ယာဉ်မောင်းလုပ်သူဟာ ထရပ်ကားကို စွန့်ပစ်ကာ အဆိုပါနေရာမှ ချက်ချင်း ထွက်ပြေးသွားခဲ့ပါ တယ်။ ထိုင်းတာဝန်ရှိသူတွေဟာ မြန်မာရွှေ့ပြောင်းတွေကို ပိတ်ဆို့ကာ လူ ၄၅ ဉီးကို ဖမ်းဆီးခဲ့ပါတယ်။
ရွှေ့ပြောင်းအားလုံးဟာ မြန်မာနိုင်ငံမှဖြစ်ပြီး မောပန်းနေကြကာ ရက်များစွာကြာအောင် နာရီ အ နည်းငယ်သာ အိပ်စက်ခဲ့ရပြီး အစားအသောက်လဲ မစားခဲ့ရဘူးလို့ ပြောပါတယ်။
ဆောင်ခလာဘူရီခရိုင်ရှိ တောလမ်းတွေမှတစ်ဆင့် ၎င်းတို့ကို ထိုင်းနိုင်ငံ ခေါ်ဆောင်ခဲ့တာလို့ စ ကားပြန်တစ်ဉီးမှတစ်ဆင့် မြန်မာရွှေ့ပြောင်းတွေက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်လိုသူတွေဟာ ခရီးအကွာအဝေးအလျှောက် မြန်မာနိုင်ငံရှိ ပွဲစားတွေ ကို ဘတ် ၁၃၀၀၀ မှ ၁၅၀၀၀ အထိ ပေးခဲ့ပြီး မလေးရှားနိုင်ငံမှာ အလုပ်လိုပါက ဘတ် ၇၀၀၀၀ အထိ ပေးခဲ့ ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူဖို့နဲ့ မြန်မာနိုင်ငံသို့ ပြန်ပို့ဆောင်ဖို့ သောင်ဖာဖမ်ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပါတယ်။
ကိုးကား – Bangkok Post
Ref; Illegal job seekers arrested near Myanmar border
#Ayeyarwaddy_Times