
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံခဲ့ရတဲ့ နိုင်ငံခြားသား ၁၂၁၉ ဉီး ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံ ၁၂ ခုမှ နိုင်ငံခြားသား ၁၂၀၀ ကျော်ဟာ ထိုင်းနယ်စပ် မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်း တွေမှာ လူကုန်ကူးခံရသူတွေဖြစ်ပါတယ်။
ကျားဖြန့်လူကုန်ကူးခံရသူတွေကို အင်္ဂါနေ့က မြန်မာနိုင်ငံ၊ မြဝတီခရိုင် အပါအဝင် နေရာများစွာ မှ လွှတ်ပေးခဲ့တာလို့ မြန်မာစစ်ကောင်စီ အာဏာပိုင်တွေက ပြောပါတယ်။
ကျားဖြန့်လူကုန်ကူးခံရသူ အများစုဟာ အာရှတိုက်သားတွေဖြစ်ပြီး တရုတ်နိုင်ငံသား ၁၀၄၁ ဉီး၊ အင်ဒိုနီးရှား ၇၁ ဉီးနဲ့ ဗီယက်နမ် ၄၀ ဉီး ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း တရုတ်နယ်စပ်နဲ့ အခြားနေရာတွေမှ ကျားဖြန့် လုပ်ငန်းတွေဟာ ထိုင်းနယ်စပ်အနီး မြန်မာဧရိယာတွေမှာ လုပ်ကိုင်လာခဲ့ပါတယ်။
နိုင်ငံခြားသားတွေကို ပိတ်လှောင်ကာ ရာဇဝတ်မှုတွေမှာ အဓမ္မ ခိုင်းစေတဲ့ဖြစ်စဉ်တွေ ဆက် တိုက် ဖြစ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားသားတွေ ဘယ်လို ပျောက်ကွယ်သွားတယ်ဆိုတာကို အသေးစိတ် စုံစမ်း စစ်ဆေးမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
ဂျပန်နိုင်ငံသားတွေအပါအဝင် မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ ထိန်းသိမ်းခံထားရတဲ့ နိုင် ငံခြားသားတွေကို ကယ်ဆယ်ဖို့ အရှိန်မြှင့် ကြိုးပမ်းမယ်လို့ ထိုင်း တာဝန်ရှိသူတွေက ဆိုပါတယ်။
ကိုးကား – NHK
Ref; Over 1,200 human trafficking victims freed in Myanmar to be sent to Thailand
#Ayeyarwaddy_Times