
ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ လေတပ်စခန်းဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ ယခုရက်ပိုင်းအတွင်း ထွက်ပြေးသွားကြကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။
ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးမှာ စစ်တိုက်ရန်ဆန္ဒမရှိသဖြင့် ယခုလို စခန်းစွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
“ဒီရက်ပိုင်းအတွင်းမှာပဲ ထွက်ပြေးသွားကြတာ၊ တစ်ခြားတစ်နေရာရောက်သွားပြီလို့လည်း သိရတယ်။ တစ်ယောက်ကိုတော့သိတယ်၊ ကျန်တဲ့ လေးယောက်ကိုတော့ ဘယ်ဒေသကဆိုတာကို မသိဘူး”ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးမှာ လက်ရှိတွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောကြားသည်။
ထို့ပြင် ဧရာဝတီတိုင်းရှိ ပုသိမ်လေတပ်စခန်းဌာနချုပ်အပြင်ကွင်းကောက် လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် ၅၊ ပုသိမ်မြို့ရွှေမြင်တင် လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ် ၆ ရှိ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များနှင့် အခြားဆင့် စစ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်တိုက်လိုသည့် ဆန္ဒမရှိ၍ မကြာခဏဆိုသလို စခန်းစွန့်ခွာထွက်ပြေးနေကြကြောင်း စုံးစမ်းသိရှိရသည်။
ဓာတ်ပုံ-စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပုသိမ်လေတပ်စခန်းသို့ရောက်ရှိခဲ့စဥ်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်(ပုံဟောင်း)
#ပုသိမ်လေတပ် #စစ်ကောင်စီတပ်ဖွဲ့ဝင် #၅ဦး #စစ်တိုက်လိုသည့်ဆန္ဒမရှိ #စခန်းစွန့်ခွာ #ထွက်ပြေး #Ayeyarwaddy_Times