
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
မြန်မာနိုင်ငံအရှေ့ပိုင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို စင်းလုံးငှားလေယာဉ်ခရီးစဉ်တွေနဲ့ တရုတ်နိုင်ငံသို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ရဲအစောင့်အရှောက်နဲ့အတူ တရုတ်နိုင်ငံသားတွေကို တစ်ရက်လျင် စင်းလုံးငှားလေကြောင်းခရီး စဉ် (၄) ခုနဲ့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေကနေ ကယ်တင်ထားတဲ့ တရုတ်နိုင်ငံသားတွေကို မြဝတီမြို့မှ မဲဆောက် မြို့သို့ ခေါ်ဆောင်ကာ ဘတ်စ်ကားတွေနဲ့ မဲဆောက်လေဆိပ်သို့ ပို့ဆောင်ခဲ့တာပါ။
အခြားနိုင်ငံများမှ ကျားဖြန့်လုပ်သားတွေ သက်ဆိုင်ရာတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်မှုကို ထိုင်းအစိုးရက ကြီးကြပ်လျက်ရှိပါတယ်။
ထိုင်းနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကို ထိရောက်စွာ ဖြိုခွင်းသွားမယ်လို့ ဒီလအစောပိုင်း ပေ ကျင်းခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ တရုတ်ခရီးစဉ်မတိုင်မီ အမျိုးသားလုံခြုံရေးနဲ့ တိုင်းပြည်ပုံရိပ် ထိခိုက်စေတယ်ဟုဆိုကာ ထိုင်းအစိုးရက မြန်မာနယ်စပ်ဒေသအချို့သို့ ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာဆီ ဖြတ်တောက်ခဲ့ပါ တယ်။
ကျားဖြန့်မှာ အဓမ္မ ခိုင်းစေခံရသူတွေဟာ ထိုင်းနိုင်ငံမှတစ်ဆင့် လူကုန်ကူးခံရတယ်ဆိုတဲ့သ တင်းတွေ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြီးနောက် ထိုင်းနိုင်ငံက တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုပါ တယ်။
ရှမ်းပြည်နယ်ရှိ တရားမဝင် ကာစီနိုနဲ့ ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်လို့ အရှက်ရစရာဖြစ်ပြီး စိုးရိမ်မိတယ်လို့ တရုတ်နိုင်ငံက ထုတ်ဖော်ပြောပြီးနောက် ၂၀၂၃ ခုနှစ်နောက်ပိုင်းမှစပြီး မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမှုတွေ ဖြစ်လာခဲ့တာပါ။
ကိုးကား – AP
Ref; China begins repatriation from Thailand of more than 1,000 online scam workers rescued from Myanmar
#Ayeyarwaddy_Times