ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ရှောင်များရှိသည့် ဘုန်း ကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံကလေးငယ်အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ နံနက် ၁၁ နာရီ ၄၀ မိနစ်ချိန်ခန့်တွင် ချောင်းဦး မြပုလဲ‌စစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် မုံရွာတောင်ခြမ်းရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ရှောင်များရှိသည့် ဘုန်းကြီးကျောင်းပေါ်သို့ကျရောက်ပေါက်ကွဲပြီး ကလေးငယ်အပါအဝင် နှစ်ဦး‌သေဆုံးပြီး ကလေးငယ်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်များကိုကူညီနေသူက ပြောသည်။

“မြပုလဲခွေးခြံကနေ လက်နက်ကြီးနဲ့ပစ်တာ စစ်ရှောင်တွေ ရှိတဲ့ ဘုန်းကြီးကျောင်းပေါ်ကျတာ။ တောင်နယ်ဘက်က ရွာတွေဘက်လည်း ကျတယ်။ ကျောင်းပေါ်ကြီးပဲ ကျတာ ၄ လုံးလောက်ရှိတယ်။ အသက်ကြီးအမျိုးသမီးတစ်ဦးနဲ့ ကလေးလေးတစ်ဦးသေတယ်။ ကျန်တဲ့ထိတဲ့နှစ်ယောက်ကလည်း ကလေးတွေပဲ။ အနီးဝန်းကျင်ကိုပါဆိုရင် အားလုံး ၁၂ ကျော်တယ်”ဟု မုံရွာရှိစစ်ရှောင်များကို ကူညီနေသူ ကိုမင်းထက်သာက ဧရာဝတီတိုင်းမ်ကို ပြော သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ရှောင်အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးနေရာတင်သေဆုံးခဲ့ပြီး ကလေးနှစ်ဦးမှာ ဆေးကုသမှုခံယူ‌နေရကြောင်းသိရပြီး အနီးဝန်း ကျင်ရှိရွာများသို့လည်း ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုများရှိကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းချိန်ကလည်း စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စင်းဖြင့် မုံရွာတောင်ခြမ်းရှိ မအူကျေးရွာ၊ ဆူးလေကုန်းရွာ ကျွန်းကြီးရွာ၊ ညောင်ဖြူပင်ရွာစသည့်ကျေးရွာများကို ဗုံးကြဲခဲ့သေးကြောင်း သိရသည်။

ပုံစာ- စစ်ရှောင်များရှိသည့် ဘုန်းကြီးကျောင်း လက် နက်ကြီးကျရောက်ပေါက်ကွဲ၊ စစ်ရှောင်သုံးဦးသေဆုံး

#စစ်ကိုင်း #မုံရွာ #တောင်ခြမ်း #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #စစ်ရှောင် #သေဆုံး
#Ayeyarwaddy_Times