ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

ကချင်ပြည်နယ်၊ ဗန်းမော်‌မြို့ရှိ စစ်ကောင်စီ၏ ခလရ ၂၃၆ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

KIA နှင့် ပူး ပေါင်းတပ်များသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ခလရ ၂၃၆ ကို သိမ်းပိုက်လိုက်ပြီး အမှတ်(၃၆၆) အမြောက်တပ်ရင်းဌာနချုပ်(အမတ-၃၆၆) ကိုပါ ပြန်လည်သိမ်းယူ လိုက်ကြောင်း သိရသည်။

“အမြောက်တပ်က သိမ်းထားပြီးသားကို စစ်တပ်ဘက်က တန်ပြန်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဆက် တိုက်ဖြစ်ပြီးမှ ခုပြန်လည်သိမ်းယူရရှိတာ။ စကခ-၂၁ ဘက်မှာတော့ နှစ်ဖက်သေဆုံးမှုရှိတယ်။ တိုက်ပွဲလည်းပြင်းထန်နေတယ်”ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခလရ ၂၃၆ တိုက်ခိုက်ခံနေရချိန်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာနှင့် Y- 12 လေယာဉ်များ အသုံးပြု၍ ဗန်းမော်မြို့ပေါ်ကို ဗုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဗန်းမော်မြို့တိုက်ပွဲအတွင်း လေယာဉ်နှင့် ဒရုန်းတိုက်ခိုက်မှုကို အဓိကအသုံးပြုပြီး ခုခံနေခြင်းဖြစ်ကာ စကခ ၂၁ မှာ အလုံးစုံပိတ်ဆို့ခံနေရပြီး ဒရုန်းတိုက်ခိုက်ရေးကိုသာ အားထားခုခံနေရကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ စကခ ၂၁ ကို KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး တပ်ရင်းအနီးထိ ချဉ်း ကပ်လာနိုင်ပြီဖြစ်ကြောင်း သိရသည်။

KIA သည် ဗန်းမော်မြို့ရှိ လေယာဉ်ကွင်း၊ တင့်ကားတပ် ရင်း၊ သံချပ်ကာတပ်ရင်း၊ ‌အမြောက်တပ်နှင့် ခလရ ၂၃၆ တို့ကို သိမ်းယူရရှိထားသည်။

ပုံစာ- KIA နှင့်ပူးပေါင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

#ကချင် #ဗန်းမော် #ခလရ၂၃၆ #KIAသိမ်းပိုက် #Ayeyarwaddy_Times