ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

အာရက္ခတပ်တော် (AA) ထိုးစစ်ရောက်ရှိနေသည့် ဧရာဝတီတိုင်းအတွင်းရှိ တိုက်ပွဲများအတွင်းသို့ အင်အား လိုအပ်ချက်အရ စစ်မှုထမ်းသင်တန်းတက်ရောက်နေသည့် သင်တန်းသားများကို ရက်တို သင်တန်းပေးပြီး ရှေ့ တန်းစစ်မျက်နှာသို့ အစုလိုက်အပြုံလိုက်ပို့ဆောင်နေ ရကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ သာပေါင်းနှင့် ငါးသိုင်းချောင်းတို့တွင် စစ်ကောင်စီတပ်များကို AA ကတိုက် ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ သေဆုံးမှုများနေသည့်အတွက် စစ်သင်တန်းဆင်း များကို နေ့စဉ် ပို့ဆောင်နေရကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တကက-၅) တွင် စစ်သင်တန်းတက်ရောက်ရန် ပို့ဆောင်ထားသည့် စစ်မှုထမ်းတပ်သားသစ်များ၏ စစ်သင်တန်းအပတ်စဉ် ရက်လျော့ကာ သင်တန်ဆင်းပေးနေပြီး ဖောကားများဖြင့် သာပေါင်းမြို့နှင့် ရေကြည်မြို့နယ်များသို့ ပို့ဆောင်နေရ ကြောင်း ပုသိမ်သတင်းရင်းမြစ်ထံက သိရသည်။

“ကုန်ကားတွေ ဖောကားတွေအပြည့် ပို့မလောက်ဖြစ်နေတယ်။ စစ်သင်တန်းဆင်းလေးတွေကို အတင်းဆွဲ ခေါ်ပြီး ရှေ့တန်းပို့တာ။ ထွက်ပြေးတဲ့သူကပြေး၊ သေ တဲ့သူတွေကိုလည်း ပုသိမ်ကို ပြန်ခေါ်လာတာ နေ့တိုင်း သင်္ဂြိုဟ်နေရတယ်” ဟု ပုသိမ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်အနီးဝန်းကျင်များတွင် စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်များ ပျံဝဲခြင်းနှင့် လုံခြုံ ရေးကင်းလှည်နေခြင်းတို့ကြောင့် ဒေသခံများစိုးရိမ်ပူပန်နေ‌ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက ကွင်းကောက်မြို့အတွင်း ည ၁၀ နာရီနောက်ပိုင်းတွင် တကက ၅ မှနေ၍ စက်သေနတ်များဖြင့် ခြောက်လှန့်ပစ်ခတ်ကာ မြို့တွင်းတွင်လည်း ရဲများကို ယူနီဖောင်းနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ပေး၍ နေ့ပိုင်းနှင့် ညပိုင်းများတွင်ပါ ကင်းပတ်ခိုင်းထားကြောင်း ဒေသခံများထံက သိရသည်။

လတ်တလောတွင် စစ်ကောင်စီ၏ အမှတ်(၃၄၄) အမြောက်တက်နတပ် (အမတ-၃၄၄) ကို ဦးတည် ထိုးစစ်ဆင်ခံနေရသည့် အတွက် စစ်အင်အားနှင့် လက်နက်ခဲယမ်းများကိုပုသိမ်နှင့် ရေကြည်တို့မှနေ၍ နေ့စဉ်ပို့ဆောင်လျက်ရှိ ကြောင်း သိရသည်။

ပုံစာ-တကက-၅ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၀) သင်တန်းဖွင့်ပွဲကို တွေ့ရစဉ် ။
#ဧရာဝတီတိုင်း #တိုက်ပွဲများ #သေဆုံးများ #တပ်သားသစ် #ရက်တိုသင်တန်းပေး #ပို့ဆောင် #Ayeyarwaddy_Times