ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်ဘိုလ်ကီးယားနဲ့ မ နေ့က တွေ့ဆုံရာမှာ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ အာဆီယံအဖွဲ့ကြား ကုန် သွယ်မှုကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ဉီးဆောင်တဲ့ မလေးရှားနိုင်ငံ အာဆီ ယံဥက္ကဌရဲ့ အကြံပေးအဖွဲ့လည်း တက်ရောက်ခဲ့တယ်လို့ အန်ဝါအီဘရာဟင်က လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။

“မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နဲ့အညီ သက်ဆိုင်သူအား လုံးနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်ဖို့ အမြင်ရှိပါတယ်” လို့ ၎င်းက ဆိုပါတယ်။

“မူးယစ်ကုန်သွယ်မှု၊ လူကုန်ကူးမှုနဲ့ ကျားဖြန့်လုပ်ငန်းတွေကြောင့် တရားမဝင် စီးပွားရေးလုပ် ငန်းတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ဖော်ပြခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မြန်မာ့အရေး အဖြေရှာရာမှာ ဘယ်လို အကောင်းဆုံး အပြုသဘောဆောင်စွာ လုပ်ဆောင်ဖို့နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို အကြောင်းကြားဖို့ ဆွေးနွေးခဲ့တယ်လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။

“ဇန်နဝါရီလအတွင်း လန်ကာဝီကျွန်းမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးအရ အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့လည်း ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆို ပါတယ်။

ကိုးကား – The Sun
Ref; Anwar discusses Myanmar, South China Sea, intra-ASEAN Trade issues with Brunei Sultan and Thaksin

#Ayeyarwaddy_Times