
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၉ ရက်
တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး လျူကျုံကျီဟာ ဖေဖော်ဝါရီလ ၁၇ ရက်က ထိုင်း-မြန်မာနယ်စပ်မှာ ကျားဖြန့်လုပ်သား ၁၀၀၀ ကျော်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော် ပြပါတယ်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ စိမ့်ဝင်ထိုးဖောက်လျက်ရှိရာ မဲဆောက်-မြဝတီဝန်းကျင်သို့ တစ်ရက်ကြာသွားရောက်တဲ့ ခရီးစဉ်အတွင်း လျူကျုံကျီက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို မဖြေကြားခဲ့ပါဘူး။
လျူကျုံကျီနဲ့ သူ့ရဲ့အဖွဲ့ဟာ မြန်မာနိုင်ငံရှိ နယ်ခြားစောင့်စစ်စခန်းတစ်ခုမှာ တရုတ်နိုင်ငံသား တွေလို့ယူဆရတဲ့ ရာနဲ့ချီတဲ့သူတွေ အပါအဝင် ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံခဲ့ရတဲ့ နိုင်ငံခြား သား ၁၀၃၀ ဉီးကို တွေ့ဆုံခဲ့ပါတယ်။
မြန်မာနယ်စပ်တွေမှာ ကျားဖြန့်လုပ်ငန်းတွေ မှိုလိုပေါက်လာခဲ့ပြီး ဒေါ်လာ ဘီလီယံချီတဲ့ အဆိုပါ ငွေလိမ်လုပ်ငန်းတွေမှာ ထောင်ချီတဲ့ နိုင်ငံခြားသားတွေ အဓမ္မ ခိုင်းစေခံနေရပါတယ်။
လျူကျုံကျီရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က တရုတ်နိုင်ငံဟာ အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေ အမြစ်ပြတ်နှိမ်နင်းဖို့ ထိုင်း၊ မြန်မာ၊ အခြားတိုင်းပြည်တွေနဲ့ တက်ကြွစာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖေဖော်ဝါရီလ ၁၇ ရက်က ပြောကြားခဲ့ပါတယ်။
တစ်ရက်လျင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ပတ်သက်သူ ၅၀၀ ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးဖို့ အသင့်ရှိတယ်လို့ စစ်ကောင်စီရဲ့မဟာမိတ် ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကျားဖြန့်လုပ်သား ၇၀၀၀ ကိုလက်ခံဖို့ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်မှ နယ်စပ်လုံခြုံရေး အာဏာ ပိုင်တွေက ကရင် နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါ တယ်။
ဒေသန္တရ ပြည်သူ့စစ်အဖွဲ့က ဖေဖော်ဝါရီလ ၁၂ ရက်မှာ မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှ လူ ၂၆၀ ကို ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – AFP
Ref; Chinese minister meets Myanmar scam centre workers
#Ayeyarwaddy_Times