ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်

ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ရှိ သစ်တောများအတွင်းတွင် စစ်ကောင်စီနှင့် AA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွါးနေသည့်အတွက် တောဆင်ရိုင်းအုပ်များသည် ကျေးရွာများအတွင်းသို့ ဝင်ရောက်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီလ ပထမပါတ်အတွင်းမှာပင် သာပေါင်းမြို့နယ်ရှိ လှေကြီးတက်၊ ကြက်သွန်ကွင်းရွာနှင့်စက္ကူစက်ရုံအနီးသို့ တောဆင်ရိုင်းအုပ်များ ၀င်ရောက်လာသောကြောင့် ခြောက်လှန့်မောင်းထုတ်ခဲ့ရကြောင်း သိရသည်။

“အရင်ကဆို တစ်နှစ်မှ တစ်ခါလောက်ပဲ ရွာတွေနားကိုကပ်လာတာတော့ရှိတယ်။ ခုက ဆင်ရိုင်းတွေက လူနေတဲ့ရွာတွေကို ကပ်နေတာ မောင်းထုတ်လဲတောထဲကို ပြန်လည်းခဏပဲ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

တောဆင်ရိုင်းအကောင် ၂၀ ခန့်ပါသော ဆင်အုပ်မှ သာပေါင်းစက္ကူစက်ရုံအတွင်းသို့ ဝငါရောက်လာသောကြောင့် စက်ရုံရဲကင်းမှ သေနတ်များဆက်တိုက်ပစ်ဖောက်ကာ မောင်းထုတ်ခဲ့သောကြောင့် ဒေသခံများထိတ်လန့်ခဲ့ရသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် မကျီးဇင် ၊ ဘောမိမှ သာပေါင်းမြို့နယ် သို့သွားရာကားလမ်းဘေးရှိသစ်တောများတွင် တိုက်ပွဲများဖြစ်ပွါးနေသည့်အတွက် တောဆင်ရိုင်းများစားကျက်ပျောက်ကာ ကျေးရွာများသို့ ရောက်ရှိလာခြင်းဖြစ်နိုင်ကြောင်း သစ်တောဦးစီးဌာန အငြိမ်းစားဝန်ထမ်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

#ဧရာဝတီတိုင်း #တိုက်ပွဲများကြောင့် #တောဆင်ရိုင်းအုပ်များ #ကျေးရွာများအတွင်းဝင်ရောက် #Ayeyarwaddy_Times