
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဟာ ယူကရိန်းပဋိပက္ခမှာ ရုရှားသမ္မတ ဗ လာဒီမာပူတင်ရဲ့ ရည်မှန်းချက်ကို နားမလည်ဘူးလို့ ရုရှားဝန်ကြီးချုပ်ဟောင်း မီခေးလ်ကက်စ်ယာနော့ဗ် က ပြောပါတယ်။
ယူကရိန်းနိုင်ငံအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေစတင်ဖို့ ပူတင်နဲ့ သဘောတူခဲ့တယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ကြေညာချက်ကို စနေနေ့က NHK သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ကက်စ်ယာ နော့ဗ်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
၂၀၀၀ ပြည့်နှစ်မှာ စတင်ခဲ့တဲ့ ပူတင်ရဲ့ သမ္မတအဖြစ် ပထမသက်တမ်းအတွင်း ကက်စ်ယာနော့ဗ် က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာပါ။
မူဝါဒတွေ၊ အခြားအချက်တွေကြောင့် ကက်စ်ယာနော့ဗ်ဟာ နောက်ပိုင်းမှာ ရာထူးမှထုတ်ပယ်ခံ ခဲ့ရပါတယ်။ ထို့နောက်ပိုင်း သူဟာ ရုရှားအစိုးရကို ဝေဖန်ခဲ့ပြီး လက်ရှိမှာ ရုရှားနိုင်ငံပြင်ပမှာ နေထိုင် လျက်ရှိပါတယ်။
ဒေါ်နယ်ထရမ့်က ယူကရိန်းစစ်ပွဲ အဆုံးသတ်လိုပေမယ့် ပူတင်က ရေရှည်အဖြေတစ်ခု လိုချင်နေ တာလို့ ကက်စ်ယာနော့ဗ်က ပြောပါတယ်။
နေတိုးအဖွဲ့တိုးချဲ့မှုအပြင် အရှေ့အလယ်ပိုင်း အခြေအနေအပါအဝင် ဥရောပတိုက်ရဲ့ လုံခြုံရေး တည်ဆောက်ပုံကို ပူတင်က ဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးလိုတယ်လို့ သူက ဆိုပါတယ်။
ဆိုဗီယက်ပြည်ထောင်စုခေတ်ကလို အင်အားကြီးတိုင်းပြည်နှစ်ခုက ကမ္ဘာကြီးရဲ့ကံကြမ္မာကို ဆုံး ဖြတ်တာ ပူတင်က မြင်တွေ့လိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
လာမယ့်လတွေအတွင်း ယူကရိန်းပဋိပက္ခနဲ့ပတ်သက်လို့ မည်သည့် သဘောတူညီချက်မှ ရရှိမှာ မဟုတ်ဖူးလို့ သူက ဆက်ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ လူ့စွမ်းအားနဲ့ စီးပွားရေး အရင်းအမြစ်တွေကြောင့် အနောက်နိုင်ငံတွေရဲ့ ယူကရိန်း အတွက် ပံ့ပိုးမှုတွေ ရှိလင့်ကစား ယူကရိန်းစစ်ပွဲမှာ ရုရှားက အနိုင်ရရှိမယ်လို့ ပူတင်က ယုံကြည်နေ တယ်လို့ ကက်စ်ယာနော့ဗ်က ဆိုပါတယ်။
ကိုးကား – NHK
Ref; Former Russian PM Kasyanov says Trump does not understand Putin’s goal
#Ayeyarwaddy_Times