
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ဥပဒေချိုးဖောက်သူတွေ နယ်စပ်ဖြတ်ကျော်ကာ ရာဇဝတ်မှုတွေ မကျူးလွန်နိုင်ဖို့နဲ့ အွန်လိုင်း လောင်းကစား၊ ကျားဖြန့်ကပ်ဘေး အဆုံးသတ်နိုင်ရေး တရုတ်နိုင်ငံက ထိုင်း၊ မြန်မာ၊ အခြားတိုင်းပြည် တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ Guo Jiakun က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လုပ်ငန်းတွေ မကြာသေး မီက မှိုလိုပေါက်လာခဲ့တာဟာ တရုတ်နဲ့ထိုင်းအပါအဝင် သက်ဆိုင်ရာတိုင်းပြည်များမှ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်ကို ခြိမ်းခြောက်ခဲ့ပြီး ဒေသတွင်းတိုင်းပြည်တွေကြား အပြန်အလှန်လည်ပတ်မှုနဲ့ ပူး ပေါင်းဆောင်ရွက်မှုကို ထိခိုက်စေခဲ့တယ်လို့ သူက ဆိုပါတယ်။
ယင်းသို့သော ရာဇဝတ်မှုတွေကို နှိမ်နင်းမှုကြောင့် တရုတ်နိုင်ငံက ပြည်သူအခြေပြုအယူဝါဒကို ဘယ်လိုဖော်ဆောင်မှုနဲ့ ဒေသတွင်းတိုင်းပြည်တွေရဲ့ ဘုံအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ့် ရွေးချယ်ခွင့်ဆိုတာ ရှင်းလင်းတဲ့ ထုတ်ဖော်ပြသမှုဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာ လုပ်ဆောင်ဖို့၊ မူဝါဒတွေ ချမှတ်ဖို့နဲ့ ပြဿနာတွေ ဖြစ်ပွားရတဲ့အကြောင်းရင်းကို ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံက ထိုင်း၊ မြန်မာလိုမျိုး တိုင်းပြည်တွေနဲ့ တက် ကြွစွာ လက်တွဲဆောင်ရွက်နေတယ်” လို့ Guo Jiakun က ရှင်းပြပါတယ်။
သက်ဆိုင်ရာ အကူအညီပေးရေး ဖြစ်စဉ်တွေကို သင့်တော်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့နဲ့ ပြည်ပရှိ တရုတ်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ဥပဒေရပိုင်ခွင့်တွေ ရရှိနိုင်ရေးအတွက် ပြည်ပရှိ သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို လမ်းညွှန်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနတွေနဲ့ ဆက်လက် ပြီး လက်တွဲဆောင်ရွက်မယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Xinhua
Ref; China working with Thailand, Myanmar to block crimes of online gambling, telecom fraud: spokesperson
#Ayeyarwaddy_Times