
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်နဲ့ ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကရရှိ တဲ့ တရားမဝင် ငွေကြေးတွေဟာ မြန်မာပဋိပက္ခကို ပိုမိုကြီးထွားစေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က မလေးရှားနိုင်ငံအခြေစိုက် ဘနားမားသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါ တယ်။
အဲဒီငွေတွေဟာ မြန်မာစစ်ကောင်စီနဲ့ သူတို့ကိုတိုက်ခိုက်နေတဲ့ လက်နက်ကိုင်အုပ်စုတွေကြား ပဋိပက္ခအတွက် ရန်ပုံငွေဖြစ်စေတယ်လို့ သူက ဆိုပါတယ်။
ဒေသတွင်း ငွေလိမ်ဂိုဏ်းတွေ လည်ပတ်နေတာနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေက စိုးရိမ်နေ ကြတယ်လို့ အသက် (၇၅) နှစ်အရွယ် သက်ဆင်က ဆက်ပြောပါတယ်။
ကမ္ဘာတစ်ဝန်းရှိ ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းဖို့ ထိုင်းနိုင်ငံ ဟာ ဖေဖော်ဝါရီလ (၅) ရက်မှာ မြန်မာနိုင်ငံရှိ ဒေသ (၅) ခုသို့ ဓာတ်အား၊ လောင်စာနဲ့ အင်တာနက် ဖြတ် တောက်ခဲ့တယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။
ထိုင်းအစိုးရက မြန်မာနယ်စပ်သို့ ဓာတ်အား ဖြတ်တောက်ပြီးနောက် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခ ရိုင်နဲ့ကပ်လျက်ရှိတဲ့ ဘုရားသုံးဆူဒေသမှ တရုတ်စီးပွားရေးသမားတွေ ထွက်သွားတယ်လို့ ဗန်ကောက် ပို့စ်သတင်းစာက ဖေဖော်ဝါရီလ (၁၃) ရက်မှာ ဖော်ပြခဲ့ပါတယ်။
ကျားဖြန့်၊ အွန်လိုင်းလောင်းကစားနဲ့ အခြား တရားမဝင်လုပ်ငန်းတွေ အဆုံးသတ်နိုင်ရေး တ ရုတ်၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့ ထိုင်းနိုင်ငံက လက်တွဲဆောင်ရွက်လိုတယ်လို့ သက်ဆင်ရဲ့အငယ်ဆုံး သမီး ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက ပြောကြားခဲ့ပါတယ်။
ငွေလိမ်ဂိုဏ်းတွေကို ထိရောက်စွာ ဖြိုခွင်းနိုင်ရေး တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်ဖို့ သက် ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဂျီရာယုဟောင်ဆပ်က ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်တဲ့ အဆင့်မြင့် ထိုင်းအရာရှိတွေ ရွှေ့ပြောင်းဖို့ အမိန့် တစ်ရပ်ကို မကြာမီ ထုတ်ပြန်မယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဝီချာရာချိုင်းက ပြောပါတယ်။
ကိုးကား – Bernama
Ref; Thaksin: Dirty money from scam centres fueling Myanmar conflict
#Ayeyarwaddy_Times