
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် PDF များရောက်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှစတင်ပြီး စစ်ကောင်စီက တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ရွာသစ်ကြီး၊ လက်ပံပင် ၊ ကုန်းပြင်၊ မိဿလင်ကျေးရွာအုပ်စုများ၏ ကျေးရွာများအတွင်းရှိ နေအိမ်များကို ၀င်ရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အိမ်တိုင်းကို၀င်ရှာတာ လူစိမ်းရှိလားလို့လဲစစ်တယ်။ သူတို့ပြောတာတော့နယ်မြေရှင်းလင်းရေးလုပ်တယ်လို့ပြောတာပဲ။ ငါးသိုင်းချောင်းဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတော့ ဒီဘက်ကို တော်လှန်ရေးအဖွဲ့တွေ ရောက်နေပြီထင်နေတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ကျေးရွာများအတွင်းတွင်လည်း စစ်ကောင်စီတပ်သားအချို့ကို အရပ်၀တ်များဖြင့်ဒေသခံများ၏သတင်းများကို စုံစမ်းရန် ထားရှိခဲ့ကြောင်း သိရှိရသည်။
အမှတ် ၃၄၄ အမြောက်တပ်အနီးတွင်ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှစတင်ပြီးအာရက္ခတပ်တော်AAပူးပေါင်းတပ်များနှင့်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် တော်လှန်ရေးတပ်များ
ကျေးရွာများအတွင်း ရောက်ရှိနေသည်ဆိုသောသတင်းများကြောင့် ယခုကဲ့သို့ ရှာဖွေစစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။
#ရေကြည်မြို့နယ် #PDF #စစ်ကောင်စီ #တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး #အမှတ်၃၄၄အမြောက်တပ်
#Ayeyarwaddy_Times