
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဘူတာရုံတစ်ခုမှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ရာ လူ (၁၅) ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြပါတယ်။
ဟိန္ဒူပွဲတော်တစ်ခု ကျင်းပလျက်ရှိရာ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ မြို့တစ်ခုသို့ ရထားစီးနင်းဖို့ ခရီး သည်တွေက စောင့်ဆိုင်းနေစဉ် အခုလို လူအုပ်ပြိုမှု ဖြစ်ပွားခဲ့တာပါ။
စနေနေ့ ညနေပိုင်းက နယူးဒေလီမြို့တော်ရှိ ဘူတာရုံပလက်ဖောင်းမှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် (၃) ဉီး အပါအဝင် လူ (၁၅) ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ မီဒီယာသတင်းတွေက ဖော် ပြပါတယ်။
ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပရာ ပရာယတ်ရတ်ဂျ်မြို့သို့ သွားရောက်မယ့်လူတွေနဲ့ စည်ကား လျက်ရှိတဲ့ ဘူတာရုံပလက်ဖောင်းမှာ လူအုပ်ပြိုမှု ဖြစ်ပွားခဲ့တာပါ။
သီတင်း (၆) ပတ်ကြာ ဟိန္ဒူဘာသာရေးပွဲတော်ကို ဇန်နဝါရီလအတွင်း စတင်ခဲ့ပြီး ဘုရားဖူး သန်း ၄၀၀ ဟာ ပွဲတော်အတွင်း မကောင်းမှုတွေကိုသန့်စင်ဖို့ ဂင်္ဂါမြစ်အတွင်း ရေချိုးကြပါတယ်။
“လူအုပ်ပြိုမှုကြောင့် သေဆုံးသူတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒဏ်ရာရရှိသူတွေ အ မြန်ဆုံး ပြန်လည်သက်သာစေဖို့ ကျွန်တော် ဆုတောင်းပါတယ်” လို့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒရာမိုဒီက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဇန်နဝါရီလ (၂၉) ရက်က ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပရာ ဂင်္ဂါမြစ်အတွင်း လူအုပ်ပြိုမှု ကြောင့် လူ (၃၀) ဉီးထက်မနည်း သေဆုံးခဲ့ပြီးနောက် ယခုဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပရာနေရာတွေမှာ ဘေးကင်းလုံခြုံရေး အစီအမံတွေ တင်းကျပ် စွာ လုပ်ဆောင်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
ကိုးကား – NHK
Ref; Stampede at New Delhi railway station kills at least 15 people
#Ayeyarwaddy_Times