
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
စနေနေ့က မာလီနိုင်ငံရှိ တရားမဝင် ရွှေတွင်းတစ်ခု ပြိုကျပြီးနောက် အမျိုးသမီးအများစု အပါအ ဝင် လူ (၄၀) ကျော် သေဆုံးခဲ့ပါတယ်။
မာလီနိုင်ငံအနောက်ပိုင်း ရွှေပေါကြွယ်ဝရာ ကာယက်စ်ဒေသရှိ ကီနီဘာမြို့အနီး ရွှေတွင်းတစ်ခု မှာ ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
ဒါဟာ မာလီနိုင်ငံမှာ (၃) ပတ်အတွင်း လူအသေအပျောက်ရှိတဲ့ ဒုတိယမြောက် ရွှေတွင်းပြိုကျမှု ဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်း သတ္တုမိုင်းတစ်ခု ရေနစ်မြုပ်ခဲ့ရာ လူ (၁၀)ဦး သေဆုံးခဲ့ပါတယ်။
ရွှေတွင်းပြိုကျမှုကြောင့် လူ (၄၈) ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရ ရဲသတင်းရင်းမြစ်တစ်ဉီးက ပြောပါတယ်။ မာလီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရွှေအများဆုံးထုတ်လုပ်တဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။
မာလီနိုင်ငံရှိ သတ္တုမိုင်းတွေဟာ စည်းကမ်းတင်းကျပ်ထားခြင်းမရှိသလို သတ္တုတူးဖော်သူတွေ ဟာ ရွှေတူးဖော်ဖို့ အန္တရာယ်မကင်းတဲ့နည်းလမ်းတွေ အသုံးပြုနေတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့တစ်နှစ်က သတ္တုတွင်းတစ်ခုမှာ ဥမင်လိုဏ်ခေါင်း ပြိုကျမှုကြောင့် လူ (၄၀) ထက်မနည်း သေဆုံးခဲ့ပါတယ်။
ကီနီဘာမြို့နဲ့ ဒါဘီယာမြို့ကြား ရွှေတွင်းမှာ ပြိုကျမှုဖြစ်ပွားခဲ့တာကို မာလီ သတ္တုတွင်းဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတစ်ခု စွန့်ပစ်ခဲ့တဲ့ ရွှေတွင်းမှာ အခုလို ဖြစ်စဉ် ဖြစ်ပွားခဲ့တာပါ။
မာလီအစိုးရဟာ လက်ရှိမှာ ကနေဒါ သတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Barrick နဲ့ ဝင်ငွေ မျှဝေရေးနဲ့ပတ်သက်လို့ အငြင်းပွားမှု ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့လက မာလီအစိုးရဟာ Barrick ကုမ္ပဏီမှ ဒေါ်လာ ၂၄၅ သန်း တန်ကြေးရှိ ရွှေချောင်း တွေကို သိမ်းဆည်းခဲ့ပြီး အဆိုပါကုမ္ပဏီရဲ့စီအီးအို မတ်ခ်ဘရစ်စတိုးကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။
ကိုးကား – BBC
Ref; Dozens killed in Mali illegal gold mine collapse
#Ayeyarwaddy_Times