
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေမှုကြောင့် လာမည့် နှစ်ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် သက်ဆိုင် သည့် ထုတ်ပြန်ချက်များအရ သိရသည်။
လာမည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။
လာမည့် နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် ( မြောက်ပိုင်း) တို့တွင် နေရာကွက်ကျားမိုးအနည်းငယ်ရွာနိုင်ကြောင်း မိုး/ဇလက ဆိုသည်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၁ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် တိမ်အသင့်အတင့်မှ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး နေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးရွာသွန်းနိုင်ကြောင်း ထုတ်ပြန်သည်။
လာမည့်ရက်များအတွင်း ထို့သို့ နေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးရွာသွန်းနိုင်သော်လည်း မြန်မာနိုင်ငံ၏ နေ့အပူချိန်များမှာ ဆက်လက်မြင့်မားနေမည်ဖြစ်ပြီးကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ
#တိုင်းနှင့်ပြည်နယ်အချို့ #မိုးရွာနိုင် #Ayeyarwaddy_Times