ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ လက်နက်ကြီးတပ်ဆင်ထားသည့် ခံ စစ်စခန်းကို အာရက္ခနပ်တော် (AA) နှင့်ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ပန်းတောင်းမြို့ နယ်အတွင်းရှိ စစ်ကောင်စီ၏ ပုဂံကွဲခံစစ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် AA ကသိမ်းပိုက်လိုက်ကြောင်း သိရသည်။

“ပုဂံကွဲသိမ်းခံလိုက်ရတော့ ညောင်ကျိုးနဲ့ ညောင်ခြေ ထောက်မှာ အင်အားတိုးချဲ့ထားတယ်ကြားတယ်။ မိုးထိစခန်းကို ပြန်ထိုးစစ်ဆင်နေတာကလည်း တပ်လန် သွားတယ်။ ညောင်ကျိုးပြီးရင် ကပစ ၆ ကိုရောက်ပြီ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်အား ၂၀၀ ခန့်ရှိ ပုဂံကွဲခံစစ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးသေဆုံးပြီး ကျန်သည့်အင်အား ၁၀၀ ခန့်မှာ တပ်ဆုတ်ထွက်ပြေးသွားကြောင်း သိရသည်။

စစ်ကောင်စီက မိုးထိတောင်စခန်းကို ပြန်လည်ထိုးစစ် ဆင်နေချိန်တွင် ညောင်ကျိုးနှင့် ပုဂံကွဲတို့မှနေ၍ ခံစစ် ပြင်ပြီး လက်နက်ကြီးများပစ်ကူပေးကာ လူအင်အား ဖြည့်တင်းခြင်းများ ပြုလုပ်နေခဲ့ကြောင်း သိရသည်။

AA သိမ်းပိုက်လိုက်သည့် ပုဂံကွဲခံစစ်စခန်းသည် ကပစ ၆ နှင့် မိုင်အနည်းငယ်ခန့်သာ ကွာဝေးကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း မိုးထိတောင်စခန်းမှ တပ် ဆုတ်ခဲ့ရသည့် ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သေဆုံးသူများကို ညောင်ကျိုးမှတစ်ဆင့် ဥသျှစ်ပင်သို့ပြန်လည်ပို့ဆောင်နေရပြီး ညောင်ကျိုးစခန်းအတွင်းသို့ ဥသျှစ်ပင်မှ စစ်လက်နက်များကို တင်ပို့နေ ကြောင်း သိရသည်။

လက်ရှိတွင် AA ၏ ထိုးစစ်မှာ ပန်းတောင်းမြို့နယ်အတွင်းထိ ရောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီ၏ ကပစစက်ရုံများကို ဆက်လက်ထိုးစစ်ဆင်မည်ကို စစ် ကောင်စီက စိုးရိမ်လျက်ရှိပြီး စက်ရုံများအတွင်း လုံခြုံရေးအင်အား တိုးချဲ့ထားကြောင်း သိရသည်။

#ပဲခူး #ပြည် #ပန်းတောင်း #ပုဂံကွဲ #စစ်ကောင်စီ #ခံစစ်စခန်း #AA #ပူးပေါင်းတပ် #သိမ်းပိုက် #Ayeyarwaddy_Times