ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ၏ မထုံးကာကင်းစခန်းကြီးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

AA သည် ငဖဲမြို့နယ်အတွင်းရှိ နတ်ရေကန်ဗျူဟာစခန်း၏ ကာကင်းစခန်းဖြစ်သော မထုံးဂိတ်စခန်းကိုယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း သိရသည်။

“တုံးကြီးနဲ့ လင်းတဲဘက်ကိုလည်း ထိုးစစ်ဆင်တိုက်နေပုံရတယ်။ အဲဒီ့ဘက်ကို နတ်ရေကန်ကနေ လက်နက်ကြီးနဲ့ပစ်တယ်။ လေယာဉ်ပစ်ကူလည်း မနေ့ကလာတယ်။ နတ်​ရေကန်အထိ ထိုးစစ်ဆင်နေပြီ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

နတ်ရေကန်ဗျူဟာစခန်းကို စစ်ကောင်စီက လက်နက်ကြီးနှင့် အင်အားရာချီဖြင့် လုံခြုံရေးအပြည့် ဖြသတင်းရင်းမြစ်က နတ်ရေကန်စခန်းမှ တုံးကြီး၊ မထုံး၊ လင်းတဲဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

“နတ်ရေကန်ကနေ အင်အားဖြည့်ထားတဲ့ အဖွဲ့တွေတော့တောက်လျောက်ထွက်ပြေးနေတယ်။ လိုက်ပြန်ဖမ်းလို့ ပြန်မိသွားတာတွေလည်းရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

AA၏ ထိုးစစ်မှာ အမ်း- ပဒါန်းလမ်းပိုင်းရှိ စခန်းများအား လုံးနီးပါးကို သိမ်းယူပြီးနောက် ပြည်မဖြစ်သော မကွေး တိုင်းရှိ စခန်းများကိုပါ ဦးတည်လာခြင်းဖြစ်သည်။

နတ်ရေကန်၏ ကာကင်းစခန်းဖြစ်သည့် မထုံးဂိတ်ကျပြီးနောက် ထိုးစစ်မှာ နတ်ရေကန်အထိရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

လက်ရှိတွင် AAသည် ရခိုင်ပြည်နယ်နှင့် ထိစပ်နယ်မြေဖြစ်သည့်ပဲခူးတိုင်းရှိ ပန်းတောင်း၊ ဧရာဝ တီတိုင်းတွင် သာပေါင်းနှင့် ငသိုင်းချောင်းတို့ရှိ စစ်ကောင်စီစခန်းများကို တပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း သိရသည်။

#မကွေး #ငဖဲ #နတ်ရေကန်ဗျူဟာကာကင်း #မထုံးဂိတ် #AA #သိမ်းပိုက် #Ayeyarwaddy_Times