
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၇ ရက်
ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ် (၂၁) စစ်ဆင် ရေး ကွပ်ကဲမှုဌာနချုပ် (စကခ -၂၁)ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ပိတ်ဆို့တိုက်ခိုက်နေရာ စစ်ကောင်စီ၏ နည်းဗျူဟာမှူးတစ်ဦး ခြေထောက်ပြတ်သွားကြောင်း သိရသည်။
စကခ ၂၁မှ ခြေထောက်ပြတ်တောက်သွားသည့် နည်း ဗျူဟာမှူးကို စစ်ကောင်စီက ရဟတ်ယာဥ်ဖြင့်လာရောက်ခေါ်ဆောင်သွားပြီး မြစ်ကြီးနားဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
“နည်းဗျူဟာမှူး တိုတစ် ၊ ရှည်တစ်ဖြစ်သွားတယ်။ တင်ပါးမှာလည်း ဒဏ်ရာပြင်းတယ်လို့သိရတယ်။ အခုမြစ်ကြီးနားဆေးရုံမှာပါ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြော သည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၆ရက်နေ့က စစ်ကောင်စီ ၏ ဆေးတပ်ရင်းကိုပါ KIA က သိမ်းပိုက်လိုက်ပြီး စကခ ၂၁ကို ဆက်လက်ထိုးစစ်ဆင်တိုက် ခိုက် နေကြောင်း သိရသည်။
စစ်ကောင်စီ၏ စကခ ၂၁ ၏ မြေပြင်ထောက်ပို့လမ်း ကြောင်းများပိတ်ဆို့ခံထားရပြီး လေ ကြောင်းမှ လက်နက်ရိက္ခာပို့သည့် ရဟတ်ယာဥ်မှာလည်း KI Aက ပစ်ခတ်သည့်အတွက် စကခ ၂၁ အနီးသို့ ချဥ်းကပ်ရန် အခက်အခဲရှိနေကြောင်း သိရသည်။
KIA သည် ဗန်းမော်ရှိ စစ်ကောင်စီ၏ အမြောက်တပ်၊ တင့်ကားတပ်ရင်း၊ သံချပ်ကာတပ်ရင်းများအပြင် စစ်ကောင်စီတပ်စွဲထားသည့် စခန်းအချို့ကိုပါ သိမ်းပိုက်ထားပြီး စကခ ၂၁ နှင့် ခလရ ၄၇တို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
#ဗန်းမော် #စစ်ကောင်စီ #စကခ၂၁ #နည်းဗျူဟာမှူး #ခြေထောက်ပြတ် #ရဟတ်ယာဥ်ဖြင့်သယ် #Ayeyarwaddy_Times