ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၆ ရက်

ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့ အမှတ် (၃၄၄) အမြောက်တပ်အနီးတွင် ဖေဖော်ဝါရီ ၁၃ ရက်နေ့က စတင်ပြီး ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သားများကို အဆိုပါအမြောက်တပ်သို့ သယ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် ဂွ-ငါးသိုင်းချောင်းကားလမ်း မိုင်တိုင် ၁၃ အနီးတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်သားအချို့ ထွက်ပြေးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

“အမြောက်တပ်နဲ့တော်တော်နီးနေပြီ။ ဒဏ်ရာရတဲ့သူတွေလည်း ကားနဲ့တင်ပြီးတပ်ထဲမှာပဲ ကုပေးနေတယ် “ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

အမြောက်တပ်မှ နေ့စဉ် လက်နက်ကြီးများကို အတွဲလိုက်ပစ်ခတ်နေပြီး ငါးသိုင်း ချောင်းမြို့ဘက်မှ စစ်ကူများဆက်တိုက်ပို့ဆောင်နေကာ ၊ စက်တပ်လေထီးများ(Paramotor) ၊ရဟတ်ယာဉ်များအသုံးပြု၍ တိုက်ခိုက်နေကြောင်း သိရသည်။

#ငါးသိုင်းချောင်း #၃၄၄အမြောက်တပ် #ဒဏ်ရာရစစ်ကောင်စီတပ်သားများ #သယ်ဆောင်နေ #Ayeyarwaddy_Times