ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်

အမေရိကန်နိုင်ငံထုတ် တိုင်ဖွန်းအမျိုးအစား တာလတ်ဒုံးကျည်ကို ပြန်ရုတ်သိမ်းဖို့ တရုတ်က ဖိလစ်ပိုင်ကို တိုက်တွန်းခဲ့ပြီး ဖိလစ်ပိုင်ဟာ ကတိကဝတ်တေွ ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။

အမေရိကန်နိုင်ငံက ၂၀၂၄ ခုနှစ်၊ ဧပြီလမှာ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း အဆိုပါဒုံးကျည် ပထ မဆုံးအကြိမ် ဖြန့်ကြက်ခဲ့ရာ တရုတ်နိုင်ငံက ပြတ်သားစွာ ဝေဖန်ခဲ့ပါတယ်။

“ဖိလစ်ပိုင်နိုင်ငံက လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်ယုံသာမက ပထဝီနိုင်ငံရေး ထိပ်တိုက် တွေ့ဆုံမှုနဲ့ ဒေသတွင်း လက်နက်ပြိုင်ပွဲဖြစ်အောင် ပြုလုပ်နေပါတယ်” လို့ တရုတ်၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်ကျားဂန်က ပြောပါတယ်။

တိုင်ဖွန်းဒုံးကျည် ဖြန့်ကြက်မှုဟာ မဟာဗျူဟာမြောက် ထိုးစစ်ဆင်မှုတစ်ခုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ ဟာ ကတိကဝတ်တွေကို ကြိမ်ဖန်များစွာ ချိုးဖောက်ခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။

တိုင်ဖွန်းဒုံးကျည်ဟာ ကာကွယ်ရေးအတွက်သာ ရည်ရွယ်ပြီး ဖိလစ်ပိုင်နိုင်ငံဟာ အဆိုပါဒုံးကျည် စနစ် ရုတ်သိမ်းဖို့ ဘယ်တော့မှ ကတိမပြုခဲ့ဘူးလို့ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆို ခွင့်ရှိသူ ဂျိုနသန်မာလာယာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ စစ်ပွဲကို အမျိုးသားမူဝါဒအဖြစ် စွန့်ပယ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက် နာပါတယ်လို့ သူက ဆိုပါတယ်။

အမေရိကန်စစ်တပ်ဟာ အကွာအဝေး ကီလိုမီတာ ထောင်ချီဝေးတဲ့ ပစ်မှတ်တွေကို ဒုံးကျည်များ စွာ ပစ်ခတ်နိုင်တဲ့ တိုင်ဖွန်းဒုံးကျည်ပစ်စင်တွေကို ဖိလစ်ပိုင်နိုင်ငံရှိ လေယာဉ်ကွင်းတစ်ခုမှ လူဇုံကျွန်းပေါ် ရှိ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းခဲ့ပါတယ်။

တိုမာဟော့ခ်ခရုစ်ဒုံးကျည်တွေဟာ ဖိလစ်ပိုင်နိုင်ငံမှ တရုတ်နဲ့ရုရှားရှိ ပစ်မှတ်တွေကို တိုက်ခိုက် နိုင်သလို SM-6 ဒုံးကျည်တွေက ၁၆၅ မိုင်အကွာရှိ ဝေဟင် သို့မဟုတ် ရေပြင်ပစ်မှတ်တွေကို တိုက်ခိုက် နိုင်ပါတယ်။

ကိုးကား – Reuters
Ref; China opposes US missile deployed by Philippines

#Ayeyarwaddy_Times