
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၅ ရက်
ဥရောပတိုက် လုံခြုံရေးအတွက် အမြဲတမ်း အာမခံသူဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ အခန်းကဏ္ဍကို အဆုံးသတ်ဖို့ ကြိုးပမ်းသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အဆင်မပြေဖြစ်နေ ပြီး ဥရောပတိုင်းပြည်တွေဟာ အမေရိကန်နိုင်ငံအပေါ် မှီခိုလွန်းတယ်လို့ ပြောပါတယ်။
နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ကြာသပတေးနေ့က ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာ တွေ့ဆုံကာ ကာကွယ်ရေး အသုံးစရိတ်နဲ့ ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှု တိုးမြှင့်ဖို့ လိုအပ် တာကို ဆွေးနွေးခဲ့ကြပါတယ်။
ဥရောပတိုင်းပြည်တွေဟာ ကာကွယ်ရေးဘတ်ဂျက်နဲ့ ယူကရိန်းကို ထောက်ပံ့တာ တိုးမြှင့်ဖို့ လို အပ်နေပြီလို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းကို ပံ့ပိုးကူညီဖို့ သံန္နိဌာန်ချထားဆဲဖြစ်ပေမယ့် တိုင်းပြည်တိုင်းက တာဝန်ကို မျှဝေယူဖို့ လိုအပ်တယ်လို့ Pete Hegseth က ထောက်ပြပါတယ်။
ဥရောပတိုင်းပြည်တွေဟာ ဥရောပတိုက်ကို ကာကွယ်ဖို့ အခြေခံအားဖြင့် တာဝန်ရှိသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်နဲ့ရုရှားဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ကြိုးစားနေတယ်လို့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းနဲ့ဉရောပတိုင်းပြည်တွေဟာ စေ့စပ်ညှိနှိုင်း ရေး စားပွဲဝိုင်းမှာ ရှိရမယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; US Defense Secretary tells NATO members to step up
#Ayeyarwaddy_Times