
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ပြီးခဲ့တဲ့နှစ်အတွင်း သတ်ဖြတ်ခံရတဲ့ သတင်းထောက်အရေအတွက် စံချိန်တင်ခဲ့တယ်လို့ သတင်း သမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က ပြောပါတယ်။
အကြမ်းဖျင်းအားဖြင့် သေဆုံး မှုတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်မှုတွေနဲ့ ဆက်နွှယ်တယ်လို့ CPJ က ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း သတင်းသမား ၁၂၄ ဉီးထက်မနည်း သေဆုံးခဲ့ရာ ၂၀၂၃ ခုနှစ် က သေဆုံးမှုထက် ၂၂ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ CPJ က ပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း သတင်းသမား သေဆုံးမှုဟာ သတင်းသမား ၁၁၃ ဉီး သတ်ဖြတ်ခံခဲ့ရတဲ့ ၂၀၀၇ ခုနှစ်ထက် အရေအတွက် ပိုများတယ်လို့ သိရပါတယ်။
အစ္စရေးနိုင်ငံရဲ့ တိုက်ခိုက်မှုတွေကြောင့် သတင်းသမား ၈၅ ဉီး သေဆုံးခဲ့ရာ ၈၂ ဉီးက ဂါဇာကမ်း မြောင်ဒေသနဲ့ (၃) ဉီးက လက်ဘနွန်နိုင်ငံမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း ဆူဒန်နဲ့ပါကစ္စတန်မှာ သတင်းသမား (၆) ဉီးစီ၊ မက္ကစီကိုမှာ (၅) ဉီး၊ ဆီးရီး ယားမှာ (၄) ဉီး၊ မြန်မာနဲ့အီရတ်မှာ (၃) ဉီးစီ သေဆုံးခဲ့တာပါ။
သတင်းသမား (၂၄) ဉီးဟာ အလုပ်အကိုင်ကြောင့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံခဲ့ရတာလို့ သု တေသနက ဖော်ပြနေတယ်လို့ CPJ က ဆိုပါတယ်။
အယ်လ်ဂျာဇီးယားသတင်းဌာနမှ သတင်းထောက်တစ်ဉီး သတ်ဖြတ်ခံခဲ့ရသလို သတင်းသမား တစ်ဉီး ဂါဇာမှာ အစ္စရေးရဲ့ ဒရုန်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ပါတယ်။
“ဂါဇာစစ်ပွဲက သတင်းသမားတွေအပေါ် မကြုံစဖူး သက်ရောက်မှုရှိစေပါတယ်။ ပဋိပက္ခဇုန်တွေ မှာ သတင်းသမားတွေကို ကာကွယ်ပေးသင့်ပါတယ်” လို့ CPJ စီအီးအို ဂျိုဒီဂင်စ်ဘဂ်က ပြောပါတယ်။
ကိုးကား – NHK
Ref; CPJ: Record number of journalists and media workers killed last year
#Ayeyarwaddy_Times