ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

ထိုင်းအာဏာပိုင်တွေဟာ တရားမဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်မှုရှိတဲ့ ကရင်နယ်ခြား စောင့်တပ်ဖွဲ့ခေါင်းဆောင် စောချစ်သူကို ဖမ်းဆီးခြင်း ရှိ မရှိ ဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ အပြီးသတ် ချမှတ်မယ်လို့ သိရပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဆီးဖို့ ကြိုးပမ်းနေပြီး အ ဆိုပါကိစ္စကို ရှေ့နေချုပ်ရုံး၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနနဲ့ ဆွေးနွေးနေပါတယ်။

ဌာနနှစ်ခုက တနင်္လာနေ့မှာ ထပ်မံ တွေ့ဆုံပြီး ရရှိထားတဲ့ အထောက်အထားတွေကို အခြေခံပြီး ဖမ်းဝရမ်း ထုတ် မထုတ် ဆုံးဖြတ်မယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

တရားရေးဝန်ကြီး တာဝီးဆော့ဆောင်နဲ့ DSI စုံစမ်းစစ်ဆေးရေးမှူးတွေဟာ ကြာသပတေးနေ့ က စောချစ်သူ၊ ကရင်နယ်ခြားစောင့်တပ်ဖွဲ့နဲ့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေအကြောင်းကို အမျိုး သားလုံခြုံရေးကောင်စီ (NSC) ကို ရှင်းပြခဲ့ပါတယ်။

ဖမ်းဝရမ်းထုတ်ဖို့ DSI ရဲ့ တောင်းဆိုချက်ကို ရှေ့နေချုပ်ရုံးက ဘာကြောင့် အတည်မပြုသလဲဆို တာကို အံ့အားသင့်မိတယ်လို့ ပြည်သူ့ပါတီမှ လွှတ်တော်အမတ် ရန်စီမန်ရိုမီက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဟာ လူကုန်ကူးမှုတိုက်ဖျက်ဖို့ များစွာ လုပ်ဆောင်ခဲ့ပြီး လူကုန်ကူးခံ ရသူများစွာကို ကယ်တင်ကာ နေရပ်ပြန်ပို့ခဲ့တယ်လို့ စောချစ်သူက ပြောပါတယ်။

Justice for Myanmar က ပြီးခဲ့တဲ့နှစ် မေလအတွင်း မြဝတီမြို့ရှိ တရုတ်နိုင်ငံသားတွေပိုင် ကျား ဖြန့်တွေ၊ တရားမဝင် ကာစီနိုနဲ့ အွန်လိုင်း လောင်းကစားတွေမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ရဲ့ ပါဝင်မှု ကို ဖော်ထုတ်ခဲ့ပါတယ်။

လူကုန်ကူးမှု၊ အဓမ္မ ခိုင်းစေမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဗြိတိန်နိုင်ငံက ၂၀၂၃ ခ နှစ်၊ ဒီဇင်ဘာလမှာ စောချစ်သူကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ ဥရောပသမဂ္ဂကလည်း ဗိုလ်မုတ်သုန်နဲ့ ဗိုလ်တင်ဝင်းကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

ဖမ်းဝရမ်းကြောင့် ထိုင်းအစိုးရက ကျားဖြန့်ပြဿနာကို အလေးထားပြီး ကိုင်တွယ်ဖို့ ကတိပြု ထားတာကို ဖော်ပြနေတယ်လို့ အောက်လွှတ်တော် လုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားလုံခြုံရေးနဲ့ ပြု ပြင်ပြောင်းလဲရေး အမြဲတမ်းကော်မတီဉက္ကဌ ရန်စီမန်ရိုမီက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Decision expected Monday on bid to arrest Myanmar warlord

#Ayeyarwaddy_Times