ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ထိုင်းနိုင်ငံက ဓာတ်အားပေးပို့မှု ဖြတ်တောက်ပြီးနောက် မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းတွေမှ လွတ်မြောက်လာတဲ့ နိုင်ငံခြားသားတွေကို လက်ခံဖို့ ပြင်ဆင်နေတယ်လို့ ဒုတိယဝန်ကြီးချုပ် ဝီချာရာ ချိုင်းက ပြောပါတယ်။

ကျားဖြန့်ဂိုဏ်းတွေက ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေကို လွှတ်ပေးပြီး ထိုင်းနိုင်ငံသို့ ပြန်ပို့နေတဲ့ သတင်းတွေရှိပေမယ့် ထိုင်းနိုင်ငံက အားလုံးကို လက်မခံနိုင်ဘူးလို့ သူက ဆိုပါတယ်။

“နိုင်ငံခြားသားတွေရဲ့ မိခင်တိုင်းပြည်တွေက သူတို့ကိုလက်မခံရင် ကျွန်တော်တို့က သူတို့ကို လက်မခံပါဘူး။ ထိုင်းနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေကနေ လွတ်မြောက်လာသူတွေအတွက် ဒုက္ခသည်စ ခန်းတစ်ခု မတည်ဆောက်ပါဘူး” လို့ ၎င်းက ရှင်းပြပါတယ်။

“ကျွန်တော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ဆောင်ပေးမှာဖြစ်ပေမယ့် သူတို့ရဲ့တုံ့ပြန်မှုနဲ့ ဆုံးဖြတ်ချက်တွေကို မခန့်မှန်းနိုင်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှ လွှတ်ပေးလိုက်တဲ့သူတွေအရေး ကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းအစိုးရက နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်ဖွဲ့တွေ ဖြန့်ကြက်ထားပြီးပြီလို့ ဝီချာရာချိုင်းက ဆိုပါတယ်။

မြန်မာစစ်ကောင်စီက ကျားဖြန့်လုပ်ငန်းတွေမှာ အဓမ္မ ခိုင်းစေခံထားရတဲ့ နိုင်ငံခြားသား ၅၃ ဉီး ကို မစောင့်ရှောက်နိုင်တာကြောင့် ၎င်းတို့ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးမယ်လို့ သူက ပြောပါတယ်။

နိုင်ငံခြားသားတွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယား၊ ကင်ညာနဲ့ ဖိလစ်ပိုင်တွေ ပါဝင်ပြီး ထိုင်း တာဝန်ရှိသူတွေက ၎င်းတို့ကို လူကုန်ကူးမှု အတွေ့အကြုံတွေ မေးမြန်းကာ နောက်ခံအချက်အ လက်တွေ စစ်ဆေးမယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နိုင်ငံခြားသားတွေက အွန်လိုင်းငွေလိမ်သူတွေ မဟုတ်ပါက ၎င်းတို့ကို မိခင်တိုင်းပြည်များသို့ ပြန် လည်စေလွှတ်နိုင်ရေး စီစဉ်ဖို့ (၃) ပတ်ခန့် ကြာမြင့်နိုင်ပါတယ်။

မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေ ကင်းစင်ကြောင်း သက်သေပြနိုင်ပါက ထိုင်းနိုင်ငံက အင် တာနက်၊ လောင်စာဆီနဲ့ ဓာတ်အားဖြတ်တောက်မှု ဖြေလျှော့ပေးမယ်လို့ သူက ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Thailand readies for influx of freed foreign scam-centre victims

#Ayeyarwaddy_Times