
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ကရင်နယ်ခြားစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ သူရဲ့အပေါင်းအဖော်တွေ ထိုင်းနိုင်ငံထဲဝင်လာရင် ဖမ်းဆီးခံရမယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ် ဝီချာရာချိုင်းက ဗုဒ္ဓဟူးနေ့မှာ ပြော ပါတယ်။
နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုစွဲချက်တွေနဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာနက စောချစ်သူနဲ့ အ ခြားအဆင့်မြင့်အရာရှိနှစ်ဉီးအတွက် ဖမ်းဝရမ်းထုတ်ရေး တရားရုံးရဲ့အတည်ပြုချက်ရဖို့ ကြိုးပမ်းနေပါ တယ်။
စောချစ်သူတို့ (၃) ဦးအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်တွေမှာ အထောက်အထားတွေ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဝီချာရာချိုင်းက ဆိုပါတယ်။
ထိုင်းနိုင်ငံက မြန်မာ့ပိုင်နက်အတွင်း အရေးယူလို့မရပေမယ့် ဖမ်းဝရမ်းထုတ်ခံရသူတွေ ထိုင်းနိုင် ငံထဲ ဝင်ရောက်လာပါက အာဏာပိုင်တွေက ၎င်းတို့ကို ချက်ချင်း ဖမ်းဆီးမယ်လို့ ၎င်းက ဆက်ပြောပါ တယ်။
စောချစ်သူဟာ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရှိနေဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြပြီး ထိုင်းအာ ဏာပိုင်တွေက သတင်းတွေ မှန် မမှန် ဖော်ထုတ်မယ်လို့ ဆိုပါတယ်။
ရွှေကုက္ကိုရှိ ရာဇဝတ်မှုတွေမှာ မပါဝင်ခဲ့ဖူးလို့ စောချစ်သူက ဖုန်းအင်တာဗျူးတစ်ခုမှာ ငြင်းဆန်ခဲ့ တယ်လို့ DVB သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
“ကျွန်တော် သို့မဟုတ် နယ်ခြားစောင့်တပ်ဖွဲ့က ကျားဖြန့်မှာ လူကုန်ကူးခံရသူတွေကို မြန်မာနိုင် ငံသို့ ခေါ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ လာခဲ့တာပါ၊ သူတို့ ဘယ်လိုလာခဲ့တယ်ဆိုတာ ထိုင်းနိုင်ငံက အတိအကျ သိပါတယ်” လို့ စောချစ်သူက ပြောပါတယ်။
နယ်ခြားစောင့်တပ်ဖွဲ့က မည်သို့ပင်ပြောစေကာမူ ထိုင်းအာဏာပိုင်တွေက ဥပဒေကို တင်းကျပ် စွာ လိုက်နာရမယ့် တာဝန်ရှိပါတယ်လို့ ပြည်သူ့ပါတီခေါင်းဆောင် နတ်သာဖုန်ရောင်ပန်ယာဝပ်က ပြော ပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar warlord ‘would face arrest here’
#Ayeyarwaddy_Times