
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ရှိ စစ်ကောင်စီစခန်းကို ချင်းကာကွယ်ရေးတပ်-အရှို CDF-Asho က ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကုန်းအားသိမ်းယူလိုက်ကြောင်း သိရသည်။
ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ် ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်၌ တပ်စွဲထား သည့် စစ်ကောင်စီ တပ်စခန်းကုန်းကို ပြီးခဲ့သည့်ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၁ နာရီခန့်တွင် CDF-Asho က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
“စခန်းကုန်းနားကို နေရာယူပြီး ကပ်သွားစဉ်မှာပဲ သူတို့ ဘက်က ဟိုပစ်ဒီပစ်လုပ်ပြီး စခန်းကိုထားပြီး ထွက်ပြေးသွားကြတာ။ တိုက်ပွဲတောင်မဖြစ်လိုက်ဘူး”ဟု တာဝန်ခံ ဆလိုင်းရိုချင်းက ဧရာဝတီတိုင်းမ် ကိုပြော သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းမှ ဆုတ်ခွာထွက်ပြေးသွားချိန်တွင် စခန်းကုန်းအတွင်းရှိ အဆောင်များကို မီးရှို့ဖျက်ဆီးသွားပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပဒါန်းမြို့အနီးရှိ စစ်ကောင်စီ စခန်းများသို့ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုသို့ ထွက်ပြေးသွားစဉ် အရှိုချင်းရွာသားများကိုပါ ဖမ်းဆီးသွား ကြောင်း CDF-Asho က ထုတ်ပြန်ထားသည်။
ချင်းကာကွယ်ရေးတပ်-အရှိုသည် ရခိုင်နှင့် မကွေး တိုင်းကြားရှိ အမ်း-ပဒါန်းလမ်းတွင်ရှိသည့် စစ်ကောင် စီတပ်စခန်းများကို မကြာခဏဝင်ရောက်တိုက်ခိုက်နေပြီး ရခိုင်၊ အမ်းရိုးတစ်လျှောက်ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများကိုလည်း ဖမ်းဆီးနေသည့် တပ်ဖွဲ့ဖြစ်သည်။
ဓာတ်ပုံ-SDF-Asho
#မကွေး #ငဖဲ #စစ်ကောင်စီ #တပ်စခန်း #ချင်းကာကွယ်ရေးတပ်အရှို #CDF_Asho #တိုက်ခိုက် #သိမ်းပိုက် #Ayeyarwaddy_Times