
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကရင်ပြည်နယ်၊ ကျောက်ခက်ကျေးရွာရှိ ကျားဖြန့်လုပ်ငန်း တစ်ခုမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ၂၆၁ ဉီးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ DKBA အဖွဲ့ က ပြောပါတယ်။
“လက်ရှိမှာ နိုင်ငံခြားသား ၂၆၁ ဉီးဖြစ်ပေမယ့် အပြီးသတ်အရေအတွက်ကို အတည်မပြုရသေးပါ ဘူး” လို့ မဲဆောက်မြို့ရှိ ကြည်းတပ်တပ်မှူးတစ်ဉီးဖြစ်သူ နတ်သာခွန်ရီအန်တစ်က ပြောပါတယ်။
မူးယစ်မှောင်ခိုမှု၊ လောင်းကစားနဲ့ပတ်သက်တဲ့ တရားမဝင် ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက် ဖို့ မြန်မာနဲ့ထိုင်းရှိ အာဏာပိုင်တွေဟာ ကျားဖြန့်လုပ်ငန်းတွေကို စီးနင်းကာ နိုင်ငံခြားသားတွေကို ဖမ်း ဆီးပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ကျောက်ခက်ရွာရှိ ကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံသားတွေ လုပ်ကိုင်ပေမယ့် အလုပ်သမား တွေဟာ ကမ္ဘာတစ်ဝန်းမှ လူကုန်ကူးခံရသူတွေဖြစ်တယ်လို့ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဉီးက ပြောပါတယ်။
ထိုင်းနိုင်ငံက ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာသို့ ဓာတ်အားနဲ့လောင်စာဆီ ဖြတ်တောက်ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေဟာ မီးစက်နှိုးပြီး ဆက်လက်လည်ပတ်နေတယ်လို့ အမည်မဖော်လိုတဲ့ အဆိုပါ ထိုင်း တာဝန်ရှိသူက ဆိုပါတယ်။
ကျောက်ခက်ကျေးရွာမှာ လုံခြုံရေး တင်းကျပ်ထားပြီး ထိုင်းစစ်တပ် စစ်ဆေးရေးဂိတ်တွေ၊ ထိုင်း နဲ့ နိုင်ငံခြားသားတွေကို ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်လို့ သတိပေးထားတဲ့ ဆိုင်းဘုတ်တွေလည်း ရှိပါ တယ်။
ကျားဖြန့်လုပ်ငန်းတွေ ပေါများလာတာက တရုတ်လူမှုကွန်ရက်မှာ ပွတ်လောက်ရိုက်မှု ဖြစ်စေခဲ့ ပြီး ထိုင်းနိုင်ငံကို အန္တရာယ်ရှိသော နေရာတစ်ခုအဖြစ် လူမှုကွန်ရက် အသုံးပြုသူတွေက ခေါ်ဆိုကြပါ တယ်။
တရုတ်နိုင်ငံသား ၃၉ ဉီး အပါအဝင် နိုင်ငံခြားသား ၆၁ ဉီးကို မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်း တစ်ခုမှ ကယ်တင်ကာ ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်နဲ့ထိုင်းမီဒီယာတွေက ပြီးခဲ့တဲ့အပတ်မှာ ဖော်ပြခဲ့ပါတယ်။
ကိုးကား – AFP
Ref; Over 250 people held at Myanmar scam centre released at Thai border
#Ayeyarwaddy_Times